နေပြည်တော်၊ ဧပြီလ ၄
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင် အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းရှိငလျင်ဒဏ်သင့် ပြည်သူ များအတွက် UNICEF Myanmarမှ ဖြန့်ဝေမည့် ကယ်ဆယ်ရေးသုံးပစ္စည်းများ ပါဝင်သော Rom Cargo Airline မှ လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသည်။
၎င်းသည် မြန်မာနိုင်ငံရှိ မြေငလျင်ဒဏ်သင့်ဒေသ များ၌ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် UNICEF Myanmarမှ ဖြန့်ဝေမည့်ဆေးဝါးများ၊ လူသုံးကုန် ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ(၄၈၄)ပုံး (၇၈၇၃၆)kg တင်ဆောင်၍ UAEနိုင်ငံ၊ ဒူဘိုင်းမြို့၊ AI MAKTOWNလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ရောက်ရှိစဉ်UNICEF Myanmar မှတာဝန်ရှိသူများက ကြိုဆိုလက်ခံပြီး Air Cargo Terminal သို့သယ်ဆောင်၍ မြန်မာနိုင်ငံရှိငလျင် ဒဏ်သင့်ဒေသများသို့ ပို့ဆောင်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment