ရန်ကုန်-မော်လမြိုင် လမ်းပိုင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား တံတားအမှတ် ၆၅ အား အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မော်လမြိုင် လမ်းပိုင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား တံတားအမှတ် ၆၅ အား အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီး





တောင်စွန်း၊ မေ ၆

ရန်ကုန်-မော်လမြိုင် လမ်းပိုင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား မိုင်တိုင် ၁၁၂/ ၁၀- ၁၁ကြား တံတားအမှတ် ၆၅ ပေ ၈၀ တံတားအား (၆.၅.၂၀၂၅) နေ့  တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မိုင်းထောင်ဖျက်ဆီး သွားပါ၍ ရထားလမ်းတံတား ပျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယနေ့ (၆.၅.၂၀၂၅) နေ့ မော်လမြိုင်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် (၂) ခု အား ယာယီဖျက်သိမ်းထားပြီး ဝယ်ယူထားပြီးသော ရထားလက်မှတ်ခများအား မော်လမြိုင်ဘူတာကြီးတွင် နေ့ချင်း လက်မှတ်ရုံ၌ ပြန်အမ်းပေးနေကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)