လစ်ဗျားမှာ ပြည်တွင်းစစ် ပြန်ဖြစ်ဖို့အတွက် လမ်းစ တစ်ခုပေါ်လာနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လစ်ဗျားမှာ ပြည်တွင်းစစ် ပြန်ဖြစ်ဖို့အတွက် လမ်းစ တစ်ခုပေါ်လာနေ


မေ - ၁၃ ( အင်္ဂါနေ့ ) 

လစ်ဗျားနိုင်ငံ မြို့တော် ထရိုပိုလီတွင် တနင်္လာနေ့ ညနေပိုင်းက စစ်ဘက်ဆိုင်ရာ အကြီးတန်း တပ်မှူးတစ်ဦး လုပ်ကြံခံရမှု သတင်းများ ထွက်ပေါ်ပြီးနောက် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ကုလသမဂ္ဂကျောထောက်နောက်ခံပြု အစိုးရ၏ တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုအဖွဲ့ (SSA) ရဲ့ ခေါင်းဆောင် အဘ်ဒူလ်ဂါနီအယ်လ် ကစ်လီသည် ထရိုပိုလီတောင်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ပစ်ခတ်မှုတွင်သေဆုံးသွားခဲ့ပါတယ်။ “ညှိနှိုင်းမှု မအောင်မြင်” ပြီးနောက် အဆိုပါ အဖြစ်အပျက်သည် အမှတ် (၄၄၄) တိုက်ခိုက်ရေး တပ်မဟာ၏ ဌာနချုပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ 

အဘူဆလင်း နဲ့ မာရှ်ရူ ရပ်ကွက်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ တပ်မဟာ ၁၁၁ နှင့် တပ်မဟာ ၄၄၄ မှ တပ်ဖွဲ့ဝင်များသည် SSA ဌာနချုပ်ကို တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ မြို့တွင်း နေရာအနှံ့တွင် သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်တွေကို မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။  

တိုက်ပွဲတွင်း အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရရှိမှု စာရင်း အတိအကျမရသေးပါဘူး။ ဆိုရှယ်မီဒီယာတွေ မှာတော့ လူသေအလောင်းများရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့နေပါတယ်။ အခြားမြို့များမှ ပြည်သူ့စစ်များသည် လွန်ခဲ့သည့် အပတ်က ထရီပိုလီမြို့သို့ စတင်ပြောင်းရွှေ့လာခဲ့တယ်လို့လည်း သိရပါတယ်။ 

SSA ကို အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရမှ ၂၀၂၁ ခုနှစ်တွင် မြို့တော်အတွင်း လုံခြုံရေး ထိန်းသိမ်းရန်နဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအတွက် အဖွဲ့ ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ လစ်ဗျားရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးမစ်ရှင် (UNSMIL) ကတော့ ထရိုပိုလီနှင့် အနောက်ဘက်ဒေသတွင် စစ်ရေး တင်းမာမှုများ တိုးလာနေသည့် အစီရင်ခံစာများကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။ "အခြေ အနေကို အရှိန်မြှင့်ဖို့၊ ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ပြီး ဆွေးနွေးမှုကနေတစ်ဆင့် အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ပါတီအားလုံးကို ကျွန်ုပ်တို့ အရေးတကြီး တောင်းဆိုပါတယ်" လို့ မစ်ရှင်ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် နေတိုး ကျောထောက်နောက်ခံပြု အုံကြွမှုအပြီးတွင် ကာလကြာရှည် အုပ်ချုပ်ခဲ့သော မွမ်မာ ကဒါဖီ သေဆုံးပြီးနောက် လစ်ဗျားနိုင်ငံက ပြည်တွင်းစစ်အတွင်းသို့ ကျဆင်းခဲ့ပါတယ်။ ထရိုပိုလီတွင် ပြည်သူ့စစ်အဖွဲ့များကြား နောက်ဆုံး အဓိကရုန်းရင်းဆန်ခတ်မှုများသည် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့ပြီး လူ ၅၅ ဦး သေဆုံးကာ ၁၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ 


REF: RT      

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)