မေ - ၁၃ ( အင်္ဂါနေ့ )
တောင်အာဖရိကနိုင်ငံရှိ လူနည်းစုဖြစ်တဲ့ လူဖြူတွေက ပြည်တွင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ နဲ့ လူဖြူလယ်သမားတွေကို ခွဲခြားဆက်ဆံတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ စွပ်စွဲချက်တွေပေါ်လာပြီးနောက်မှာ ဝါရှင်တန်အစိုးရက နိုင်ငံရေးခိုလုံခွင့်တောင်းတဲ့ လူဖြူတွေကို လက်ခံလိုက်ပါတယ်။ မနေ့ကတော့ ပထမဆုံး အသုတ် အမေရိကားကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ ထရမ့်စွပ်စွဲသလိုမျိုး လူနည်းစု လူဖြူတွေကို ခွဲခြားဆက်ဆံတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ တောင်အာဖရိကအစိုးရကတော့ ငြင်းဆိုထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနမှ အရာရှိများသည် ကလေးငယ်များအပါအဝင် လူ ၅၉ ဦးအား ဝါရှင်တန်ဒီစီမြို့ အပြင်ဘက်လေဆိပ်ရှိ ခန်းမတစ်ခုတွင် ကြိုဆိုခဲ့ကြပြီး "မင်းတို့အားလုံးကို ဒီနေရာကနေ ကြိုဆိုပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မင်းကြုံတွေ့ခဲ့ရတာတွေကို လေးစားပါတယ်" လို့ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး က ပြောကြားခဲ့ပါတယ်။ "ဒီလူအများစုဟာ သူတို့ရဲ့အိမ်တွေ၊ လယ်ယာတွေကို ကျူးကျော်ခံရတာနဲ့ ခြိမ်းခြောက်မှုတွေကိုကြုံတွေ့ခဲရတဲ့ သူတွေပါ။ အဲ့ဒါတွေကို တောင်အာဖရိက အစိုးရက လုံးဝစိတ်မဝင်စားခဲ့ပဲ လစ်လျူရှုခံနေရတဲ့ သူတွေပါ" လို့ ၎င်းကဆက်ပြောပါတယ်။
ဒတ်ခ်ျကိုလိုနီနယ်ချဲ့များရဲ့ သားမြေးများဖြစ်တဲ့ လူဖြူ ဦးရေက ၇ % လောက်က တောင်အာဖရိကမှာ နေထိုင်ပါတယ်။ အမေရိကန်အစိုးရက အရင်တုန်းကလည်း လူဖြူ မိသားစု ၅၄ ဦးကို နိုင်ငံရေး ခိုလှုံခွင့်ပေးခဲ့ဖူးပါတယ်။ တနင်္လာနေ့တွင် သတင်းထောက်များနှင့် စကားပြောရာတွင် ထရမ့်က တောင်အာဖရိက လူဖြူများအတွက် လျင်မြန်သော လမ်းကြောင်းပေါ်မှ နိုင်ငံသားဖြစ်ရေး ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။ "ဘာလို့လဲဆိုတော့ သူတို့ အသတ်ခံနေရတယ်။ လူတွေ အသတ်ခံရတာကို ကျွန်တော်တို့ မမြင်ချင်ဘူး" လို့ ဆိုပါတယ်။ "ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုတစ်ခုလို့ လူတွေက မရေးချင်ပေမယ့် ဖြစ်ပျက်နေတဲ့ကိစ္စက ကြောက်စရာကြီးပါ” လို့ လည်း ဆိုပါတယ်။ တောင်အာဖရိကတွင် “လူဖြူလူမျိုးတုံး သတ်ဖြတ်မှု” နှင့်ပတ်သက်၍ ထရမ့်ရဲ့ ပြောဆိုချက်သည် ပရီတိုးရီးယားမြို့တွင်မွေးဖွားခဲ့သော ၎င်း၏မဟာမိတ် ဘီလီယံနာ အီလွန်မက်စ်ရဲ့ စကားကြောင့်ဖြစ်ပါတယ်။
တောင်အာဖရိကသမ္မတကတော့ ထရမ့်ရဲ့ စွပ်စွဲချက်များကို "လုံးဝမှားယွင်းသော" တယ်လို့ ဆိုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး က “တောင်အာဖရိက လူဖြူတွေ အထူးသဖြင့် လယ်သမားတွေဖြစ်တဲ့ လူဖြူ တွေကို နှိပ်စက်ညှဉ်းပန်းမှု ရှိတယ်ဆိုတာ လုံးဝမရှိဘူး” လို့ ဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment