နေပြည်တော်၊ မေ ၁၃
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် အောင်ကိုမိုးဆိုသူအား သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုထားရာ ယနေ့ တရားရုံးတွင် လိုပြသက်သေများကို စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။
တရားလို ကိုအောင်ကျော်ဦး က "ဒီနေ့ တရားရုံးမှာက လိုပြသက်သေတွေကို မစစ်ဆေးဘဲနဲ့ အကို့ကို စစ်ဆေးမယ်လို့ ပြောတယ်။ ယခင်အပတ် ရုံးချိန်းမှာကတည်းက တရားသူကြီးနဲ့ ရှေ့နေတွေ အစည်းအဝေး လုပ်တယ်။ ဆုံးဖြတ်ထားပေးတာရှိတယ်။ ဒီနေ့ မှာ အကိုတို့ဘက်က အဆင်ပြေတဲ့သူ စစ်မယ်လို့ ပြောထားတယ်။ ဒီနေ့ လိုပြသက်သေ ၃ယောက်ကို စစ်ဆေးဖို့ ပြင်ဆင်ထားပြီးသား။ အဲဒါ တရားလိုကို စစစ်မယ်ဆိုတော့ ပြင်ဆင်ထားပြီး မဖြစ်ဘူးလေ။ အကိုတို့က တရားသူကြီး ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်တာပဲ။ တရားရုံးက ပုံစံပြောင်းသွားတယ်။ အဲဒါ သူတို့အပိုင်းလေ။ လိုပြတွေကို မစစ်ဘူး။ သူတို့ဘက်က အာမခံလျှောက်တယ်။ အကိုတို့ဘက်ကလည်း ကန့်ကွက်တယ်။" ဟု ပြောသည်။
လာမည့် ၂၇-၅-၂၀၂၅ ရက်နေ့ကို ထပ်မံချိန်းဆိုထားပြီး တရားလိုနှင့် လိုပြသက်သေများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အာမခံလျှောက်ထားမှုနှင့် ပတ်သက်၍ ကိုအောင်ကျော်ဦး က "သူတို့ ရှေ့နေက နှုတ်နဲ့ အာမခံ လျှောက်တယ်။ အကိုရှေ့နေကလည်း ကန့်ကွက်ခဲ့တယ်။ တရားသူကြီးရဲ့ အဆုံးအဖြတ်ပေါ့။ ဒီပုဒ်မ က ဆရာတော်တွေလည်း သိထားပြီး ပုဒ်မပဲ။" ဟု ပြောသည်။
အကယ်ဒမီပေးပွဲတွင် အောင်ကိုမိုး ၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဆရာတော်ဦးပညာ က "ဝတ်ထားတာကလည်း သံဃာတော်တွေကို တုပပြီး ဝတ်ဆင်ထားသလို ဘုန်းကြီးရဲ့ အမြင်ကတော့ ဘုရားခေါင်းကို ဖြတ်ပြီး တုတ်ထိုးလာတယ်" လို့ မြင်ပါတယ် ဟု သုံးသပ်ပြောဆိုထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment