ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဝန်ကြီးဌာန၏ ယာယီလူနေအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အဋ္ဌမအကြိမ်မြောက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဝန်ကြီးဌာန၏ ယာယီလူနေအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အဋ္ဌမအကြိမ်မြောက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်


နေပြည်တော်၊ မေ ၁၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဝန်ကြီးဌာနမော်တော်ယာဉ်ရပ်နားကွင်းရှိ ယာယီလူနေအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အဋ္ဌမအကြိမ်မြောက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပုံမှန်ရုံးတက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သဖြင့် ပုံမှန်ထက်နှစ်ဆနီးပါးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဌာန၏ နှစ်စဉ်စီမံကိန်းအရ လုပ်ငန်းတာဝန်များကို စနစ်တကျနှင့် အမှားအယွင်းအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ စနစ်တကျနေထိုင်ရေးအတွက် လိုအပ်သည်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးထားပါကြောင်း၊ ဝန်ထမ်းများနှင့် မိသားစုများအတွက် ဝန်ကြီးဌာန သက်သာစားသောက်ဆိုင်ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ယာယီလူနေအိမ်ရာများတွင် သန့်ရှင်းသပ်ရပ်စွာနှင့် စည်းကမ်းတကျနေထိုင်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နေထိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ခြင်ထောင်၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းများ (Kitchen Sets) နှင့် လူသုံးကုန်ပစ္စည်းများအပါအဝင် စုစုပေါင်းပစ္စည်းကိုးမျိုးကို ပေးအပ်ခဲ့ရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ကြီးဌာန၏ ယာယီလူနေအိမ်ရာများတွင် ဝန်ထမ်းများ နေထိုင်နေမှုအခြေအနေများ၊ ဝန်ထမ်းများအတွက် ဆောင်ရွက်ထားရှိသည့် အများသုံးမီးဖိုဆောင် (Community Kitchen) များ၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းများနှင့် သုံးရေရရှိရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)