ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ




ပွင့်ဖြူ ၊  မေ ၉


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်လုပ်သူရော စားသုံးသူပါ ဘေးကင်းလုံခြုံသော အရည်အသွေးမြင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြုလုပ်သည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် စံပြကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က သီးနှံများစိုက်ပျိုးရာတွင် ထုတ်လုပ်သူရော စားသုံးသူပါ ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းသော သီးနှံများစိုက်ပျိုးထွက်ရှိစေရန်၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်မှုအခြေအနေများ၊ သဘာဝမြေဩဇာနှင့် သဘာဝဆေးများ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ်တောင်သူဖွံ့ဖြိုးရေးအသင်းမှ ဒေသတွင်း တောင်သူအကျိုးပြု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် (၇)ရပ်နှင့် ရေသွင်းနှမ်းများပေါ်ချိန်တွင် စိုက်ပျိုးတောင်သူများအတွက် သင့်တင့်သော ဈေးနှုန်းများရရှိစေရန် တောင်သူစုပေါင်းသီးနှံရောင်းချပွဲ ကျင်းပပြုလုပ်မည့်အခြေအနေများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။


ဆက်လက်၍ မြို့နယ်တောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက သဘာဝစိုက်ပျိုးရေး သွင်းအားစုပစ္စည်းများ ထုတ်လုပ်နည်းပညာများနှင့် အသုံးပြုပုံနည်းစနစ်များ၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်းစနစ်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် တက်ရောက်လာသည့်   ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံပြည်သူများက စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အရည်အသွေးကောင်းမွန်သောသီးနှံများရရှိစေရန် လိုက်နာရမည့်အချက်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။


အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲသို့ မြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံတောင်သူများ  တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)