ရွှေတောင်မြို့နယ်၌ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၈၀၀၀၀) ကို ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၈၀၀၀၀) ကို ပျိုးထောင်ထားရှိ



ရွှေတောင် ၊   မေ ၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၈၀၀၀၀) ကို မြို့မပျိုးဉယျာဉ်တွင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


ရွှေတောင်မြို့နယ်သစ်တောဦးစီးဌာန၊ ပိတောက်မြိုင် ပျိုးဥယျာဥ်တွင် ကျွန်း (၃၅၀၀၀)၊ ကြောင်လျှာ (၁၀၀၀)၊ မန်ဂျန်ရှား (၁၃၀၀၀)၊ ပျဉ်းကတိုး(၂၀၀၀)၊ တရုတ်တည်(၅၀၀)၊ ဒန့်သလွန်(၁၀၀၀)၊ ပိန်နဲ(၅၀၀)နှင့် ရှားပါးသစ်မျိုးနှင့် အရိပ်ရပန်းပင်များဖြစ်သည့် ခရေ(၂၅၀၀)၊ စိန်ပန်းကြီး(၃၀၀၀)၊ပိတောက်(၄၅၀၀)၊ ပေါက်ပန်းနီ(၈၀၀) ပေါက်ပန်းဖြူ(၈၀၀)ပင်၊ မန်းကျည်း(၁၀၀၀)ပင်၊ မယ်ဇယ်(၄၀၀)ပင်၊ မယ်ဇလီ (၂၀၀)ပင်၊ မဟော်ဂနီ(ပင်၊ မဟော်ဂနီ၁၀၀၀)ပင်၊ ယူကလစ်(၇၅၀၀)ပင်၊ ရေတမာ(၂၆၀၀)ပင်၊ သခွပ်(၇၀၀)ပင်၊ သရက် (၂၀၀) ပင် စုစုပေါင်းပျိုးပင်(၈၀၀၀၀)တို့ကို ပျိုးထောင်ထားရှိပြီး မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပွဲများတွင်စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)