မိုးနဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များအား ဧပြီလအတွက် လစာစရိတ်ချီးမြှင့်ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များအား ဧပြီလအတွက် လစာစရိတ်ချီးမြှင့်ငွေများ ပေးအပ်

 



မိုးနဲ  ၊ မေ ၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များအား ဧပြီလအတွက် လစာစရိတ်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဦးစွာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး အဖွဲ့ဝင် ဗိုလ်မှူး စိုးလင်းအောင်က စည်းကမ်းရှိစွာ ဝတ်စားဆင်ယင်ရန်လိုအပ်ကြောင်း၊ မြို့နယ်တွင်း ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တကွ တပ်မတော်စစ်ကြောင်းနှင့်ပါ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့နယ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်မှသာ အကောင်အထည်ပေါ်မည်ဖြစ်ကြောင်း၊ လက်တွဲညီညီ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။


ထို့နောက် အဖွဲ့ဝင် ရဲမှူးသန်းစိုးက မူးယစ်ဆေးဝါးများ မြို့နယ်တွင်းကင်းဝေးစေရေး၊ ဖောက်ထွင်းမှုများမဖြစ်ပေါ်စေရေး၊ ဖြစ်ပေါ်လာပါက လျင်မြန်စွာ ဖမ်းဆီးထိန်းသိမ်းနိုင်ရေး၊ သတင်းပေးမှုသည် အလွန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိမိတို့လိုအပ်ချက်များကို တင်ပြခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားပေးခဲ့ပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ လစာစရိတ်များကို တာဝန်ရှိသူများနှင့်တကွ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဇင်ကိုကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)