အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းသွင်း လေ့ကျင့်ရန်နှင့် ပြိုင်ပွဲများကျင်းပရန် နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းသွင်း လေ့ကျင့်ရန်နှင့် ပြိုင်ပွဲများကျင်းပရန် နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိ





နေပြည်တော်၊ မေ ၁၁

တပ်မတော်(ရေ)က ၂၀၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်၌ စခန်းပေါင်းစုံ တွေ့ဆုံပွဲပြုလုပ်ကြသည်။

ထို့နောက် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံ ပြိုင်ပွဲများကို ဧရာဝတီရေတပ်စခန်းဌာနချုပ် သီဟသူရထွန်းတင်ခန်းမ၊ စစ်ရေးပြကွင်း နှင့် အမှတ်(၄)ရေတပ်ဗောတံတားတို့၌ပြုလုပ်ရာ တပ်မတော်အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် အုပ်ချုပ်သူများ တက်ရောက်ကြသည်။ ပြိုင်ပွဲတွင် ရေကြောင်းလူငယ်သင်တန်းစခန်း (၁၁)ခုမှ သင်တန်းသား၊ သင်တန်းသူများက သင်တန်းအလိုက် စစ်ရေးပြပြိုင်ပွဲများ၊ ရေတပ်သား ဘာသာရပ် ဆိုင်ရာ ရေး/ဖြေစာမေးပွဲ၊ ကြိုးချည်ကြိုးထိုးလက်တွေ့ပြိုင်ပွဲ၊ ရေတိုင်းခြင်း လက်တွေ့ပြိုင်ပွဲနှင့် ပဲ့စင်တပ်ဖွဲ့တာဝန်ဖွဲ့စည်းဆောင်ရွက်မှု လက်တွေ့ ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၅ ခုတွင် စုစုပေါင်း သင်တန်းသား ၈၀၄ ဦးအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ သင်ကြား ပို့ချလျက်ရှိရာ နယ်မြေဒေသအသီးသီးရှိ သင်တန်းစခန်း(၁၅)ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူများသည် လေယာဉ်/ရဟတ်ယာဉ်လိုက်ပါပျံသန်းရန်၊ ပြိုင်ပွဲများ ကျင်းပရန်၊ လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ရန်နှင့် စုပေါင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေသို့ တပ်မတော်လေယာဉ် များ၊ တပ်မတော်မော်တော်ယာဉ်များဖြင့် စုံလင်စွာရောက်ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခြင်းနှင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)