ထန်းတပင်မြို့နယ်၌ နွေစပါးဧကလေးသောင်းကိုးထောင်ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ဧကသုံးသောင်းရှစ်ထောင့်ရှစ်ရာကျော် ရိတ်သိမ်းပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ နွေစပါးဧကလေးသောင်းကိုးထောင်ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ဧကသုံးသောင်းရှစ်ထောင့်ရှစ်ရာကျော် ရိတ်သိမ်းပြီးစီး

 



ထန်းတပင်(ရန်ကုန်)၊ မေ ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါးဧက လေးသောင်းကိုးထောင်ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါဧကပေါင်း သုံးသောင်းရှစ်ထောင့်ရှစ်ရာကျော် ရိတ်သိမ်းပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 


ထန်းတပင်မြို့နယ်အတွင်း နွေစပါးလျာထားစိုက်ဧက (၄၇၄၂၇) ဧကရှိသည့်အနက် ဧကပေါင်း (၄၉၁၈၁) ဧကစိုက်ပျိုးနိုင်ခဲ့သလို  လျာထားဧကထက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ပြီး  ရိတ်သိမ်းပြီးဧက အနေဖြင့် (၃၈၈၅၉) ဧကရှိကာ တစ်ဧကအထွက်နှုန်း အနေဖြင့် (၉၃.၃၉) ထိရှိကြောင်း သိရသည်။


ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများ စပါးစိုက်ပျိုးသည့်နေရာတွင် လုပ်အားကုန်ကျမှု စရိတ်များနှင့် မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်များ သက်သာဖို့နှင့် စပါးအထွက်နှုန်း တိုးတက်လာစေရေးအတွက်လည်း နွေစပါးဧကတစ်ရာစံပြ စိုက်ခင်းတွင်စိုက်ပျိုးနည်းစနစ်များကို သက်ဆိုင်ရာကွင်းအလိုက်မှာ တောင်သူအသိပညာ ပေးလက်တွေ့ စိုက်ပျိုးပြသပေးလျက်ရှိပြီး နည်းပညာမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ 


ဇင်မင်းထိုက်(ထန်းတပင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)