မေ - ၇ ( ဗုဒ္ဓဟူးနေ့ )
လွတ်လပ်စွာကုန်သွယ်ခွင့် (Free Trade) ကြောင့် ယူကေထုတ်ပစ္စည်းတွေက အိန္ဒိယမှာ ဈေးတွေကျကုန်ပြီး ပေါချောင်ကောင်းတွေ ဖြစ်သွားပါတယ်။ ယူကေထုတ် ဝီစကီနဲ့ ဂျင် အရက်တွေကို အိန္ဒိယက ကောက်ခွန် ၁၅၀% ကနေ ၇၅ % လျှော့ချပေးလိုက်ပါတယ်။ အဲ့ဒါအပြင်ကို ယူကေကတင်သွင်းတဲ့ ကားတွေကို ၁၀၀% ကနေ ၁၀ % အထိ အကောက်ခွန်လျှော့ချလိုက်တဲ့အတွက် ယူကေကားတွေက ပြည်တွင်းထုတ် ကားတွေနီးပါးလောက်အောင်ကို ဈေးကျသွားပါတယ်။
နောက်ပိုင်းမှာ ယူကေထုတ် အလှကုန်ပစ္စည်း၊ ချောကလက်၊ အအေး၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း နဲ့ ဘီစကွတ် တို့ကိုလည်း အခွန်လျှော့ပေါ့ပေးဖွယ်ရာရှိတယ်လို့ သိရပါတယ်။
REF: Hindustan Times
https://t.me/MyanmarNationalPost

No comments:
Post a Comment