ကျောက်ဖြူ၊ မေ ၇
တပ်မတော်စစ်ကြောင်းများသည် ကျောက်ဖြူမြို့နယ်၊ ပြားတဲရွာအနီး AA အကြမ်းဖက်စခန်း အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်သားများအား Drone၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်နေသည့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာ ပြားတဲရွာအနီးရှိ AA အကြမ်းဖက်စခန်းအား မေလ ၆ ရက် နေ့လည် ၁၁ နာရီတွင် စီးနင်းသိမ်းပိုက် ရရှိခဲ့ပြီး တပ်မတော်သား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် AA အကြမ်းဖက်သမား ၁ လောင်း၊ Type-56 သေနတ် ၁ လက်၊ MA-2 သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆန်များ၊ ပစ်ကျင်းများ/ ကျည်ကာဦးထုပ်များ၊ မီးလောင်ပျက်စီးသွားသည့် Drone များ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၆ ရက် နေ့လည် ၁၂ နာရီခန့်က ကျောက်ဖြူမြိုနယ်အတွင်းရှိ တပ်စခန်း ၁ ခုအား Drop Bomb ချရန် ပျံသန်းလာသည့် AA အကြမ်းဖက်အဖွဲ့၏ Drone တစ်စီး(ဗုံးသီးပါ)အား ဆွဲချသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment