Pages

Pages

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ရေးပစ္စည်းများ ထပ်မံပေးပို့



ရန်ကုန်၊ မေ ၃

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၁ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိပြီး မေလ ၂ရက်နေ့ က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၁ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေး ပစ္စည်းများဖြစ်သော Prefabricated ရုံးခန်း နှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၃၄၀ စုံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပြီး မေလ ၃ ရက်နေ့ နံနက် တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment