Pages

Pages

မန္တလေးမြို့ရှိ Sky Villa အဆောက်အဦ (C) အဆောင်မှ မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့




မန္တလေး၊ မေ ၃

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦ B အဆောင်၊ C အဆောင်နှင့် D အဆောင်များအား ၃.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၁၇ ၄၀ အချိန်တွင် (C) အဆောင်မှ မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ရှိ Sky Villa အဆောက်အဦ (B) အဆောင်၊ (C) အဆောင်နှင့် (D) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ (B) အဆောင် (I 8 ) အခန်းမှ တွေ့ရှိသော မီးခံသေတ္တာအတွင်းမှ Passport စာအုပ် (၂)အုပ်၊ KBZ Bank စာအုပ် ၃ အုပ်၊ စာချုပ်စာတမ်းပါ စာရွက်များ၊ ရွှေထည်ပစ္စည်းများ၊ Car Owner Book (၁)အုပ်၊ US ဒေါ်လာ၊ ထိုင်းဘတ်ငွေ၊ မြန်မာငွေစက္ကူများ၊ အန်ပေါင်းအိတ်များ၊ LV ပိုက်ဆံအိတ် (၁)လုံး၊ Ipad (၁)လုံးတို့အား ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတစ်ဆင့် ပိုင်ရှင်ကိုယ်စား ပိုင်ရှင်၏ တူဖြစ်သူထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment