မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲ စည်းကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲ စည်းကားသိုက်မြိုက်စွာကျင်းပ











ရန်ကုန်၊ မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး ဘဏ္ဍာ‌တော်ထိန်းဂေါဂက အဖွဲ့မှ ကြီးမှူးကျင်းပသောကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယနေ့ နံနက် ၇ နာရီအချိန် အဆိုပါ စေတီတော်အဝင်းရှိ မဟာ ဗောဓိညောင်ပင်တွင်  စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ၊ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ သုဓမ္မမဏိဇောတဓရ ဦးလှကြည် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက ဆုတောင်းပြည့်မယ်လမု စေတီတော်ကြီးအား လင်္ကျာရစ် တစ်ပတ် လှည့်ပတ်ပူဇော်ပြီးနောက် အခမ်းအနားကို  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး နတ်ဗြဟ္မာများ ပင့်ဖိတ်ခြင်း ၊ မဟာ ဗောဓိ ဒုမေနာ ထော သော ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ 

ထို့နောက် မယ်လမု ဆုတောင်းပြည့် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ သုဓမ္မမဏိဇောတဓရ  ဦးလှကြည်က ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲ  ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးစိန်လွင်က ညောင်ရေတော် ရေချမ်းကပ်လှူရန်အတွက် ဥဒ္ဒိဿယ-ဇိနံဗုဒ္ဓံစသော ဂါထာဖြင့် ရေချမ်းကပ်လှူခဲ့သည်။

ဆက်လက်၍ အနောက်အရပ်မှ နဂါးအသင်း၊ မြောက်အရပ်မှ ဂဠုန်မင်းအသင်း၊ တောင်အရပ်မှ နတ်မင်းအသင်း၊ အရှေ့အရပ်မှ ဗြဟ္မာများမှ သက်ဆိုင်ရာ ဂါထာများဖြင့် ရွတ်ဖတ်ပူဇော်ပြီး ၇ ရက်သားသမီးများက ညောင်ရေသွန်း လောင်းလှူခဲ့ကြသည်။ 

ယင်းနောက် ဗြဟ္မာ၊ နတ်၊ ဂဠုန်၊ နဂါးအဖွဲ့များက  ဇယန္တော ဗောဓိယာမူ လေစသာ ငါး ဂါထာဖြင့် ဆုတောင်းပတ္ထနာပြုကြကာ အမျိုးသမီးများက ဆုတောင်းပတ္ထနာ ကဗျာများ ရွတ်ဆိုခဲ့ကြပြီး အမျှဝေခဲ့ကြပြီး နတ်၊ ဗြဟ္မာများ ပြန်လည် ပို့ဆောင်ကာ အရပ်ဆယ်မျက်နှာ မေတ္တာပို့ ကဗျာများ ရွတ်ဆိုဆုတောင်းကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြ‌ကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)