အိန္ဒိယက ဂျပန်ကိုကျော်တက်ပြီး ကမ္ဘာစတုတ္ထ အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယက ဂျပန်ကိုကျော်တက်ပြီး ကမ္ဘာစတုတ္ထ အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်လာ


မေ - ၂၆ ( တနင်္လာနေ့ ) 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFရဲ့ မှတ်တမ်းမှတ်ရာတွေအရ အိန္ဒိယနိုင်ငံက ကမ္ဘာ့စီးပွားရေး အဆောက်အအုံ အကြီးဆုံး နိုင်ငံတွေထဲမှာ စတုတ္ထအဆင့်ကို ရောက်သွားပြီလို့ သိရပါတယ်။ အမေရိကန်၊ တရုတ်နဲ့ ဂျာမဏီ ပြီးလျှင် အိန္ဒိယက နံပါတ် ၄ နေရာကို ရောက်သွားခဲ့ပါပြီ။ 

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အဆောက်အအုံမှ လည်ပတ်မှုငွေကြေး ပမာဏက ကန်ဒေါ်လာ ၄ ထရီလီယံ အထိရောက်နေပြီ ဖြစ်ရတာက ဘူမိနိုင်ငံရေး နဲ့ ကုန်ထုတ်စီးပွားရေးလုပ်ငန်းပတ်ဝန်ကျင်တစ်ခုကို တည်ဆောက်နိုင်လို့ဖြစ်ကြောင်း ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး က ဆိုပါတယ်။ 

လက်ရှိအနေအထားအတိုင်းသာဆက်ပြီး ထိန်းသိမ်းထားနိုင်မယ်ဆိုရင် လက်ရှိဂျပန်ပြီးတော့ နောက် ၃ နှစ် အတွင်း ဂျာမဏီကိုပါ ဆက်လက်ကျော်တက်ကာ ကမ္ဘာ့တတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်လာနိုင်တယ်လို့ IMFရဲ့ အစီရင်ခံစာတစ်ခုတွင် ပါရှိပါတယ်။ 


REF: Time Nows

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)