Pages

Pages

အများပြည်သူဆိုင်ရာ ရုပ်သံထုတ်လွှင့်ဌာနတွေအတွက် ဖက်ဒရယ်ရန်ပုံငွေကို အမေရိကန်သမ္မတ အဆုံးသတ်မယ်


အမေရိကန်သမ္မတ Donald Trump က National Public Radio (NPR) နဲ့ Public Broadcasting Service (PBS) တို့ဟာ ဘက်လိုက်တယ်လို့ဆိုရင်း အဲဒီဌာနတွေအတွက် ဗဟိုအစိုးရရဲ့ ရန်ပုံငွေထောက်ပံ့မှု အဆုံးသတ်ရေး သမ္မတရဲ့ အထူးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီ သမ္မတအမိန့်မှာ အများအများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ကော်ပိုရေးရှင်းနဲ့ ဗဟိုအစိုးရဌာနနဲ့ အေဂျင်စီ အားလုံးအနေနဲ့ အဲဒီ ရုပ်သံလွှင့်ဌာနနှစ်ခုကို ရန်ပုံငွေပေးအပ်မှု ရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။

NPR နဲ့ PBS ဟာ အခွန်ထမ်းဆောင်သူတွေရဲ့ ငွေတွေနဲ့ ဘက်လိုက်မှုဝါဒနဲ့ လက်ဝဲဝါဒဖြန့်မှုတွေကို လှုံ့ဆော်နေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲနေပါတယ်။ အဲဒီဌာနတွေဟာ "ဒီမိုကရက်တစ်ပါတီနဲ့ အဲဒီပါတီရဲ့ နိုင်ငံရေးသဘောထားတွေအတွက် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီမှုတွေကို သိသိသာသာ ပြုလုပ်ခဲ့တယ်" လို့ အိမ်ဖြူတော်က ဆိုပါတယ်။

အိမ်ဖြူတော်က လိင်ပိုင်းဆိုင်ရာ မတူကွဲပြားမှုပြဿနာကို အသားပေးဖော်ပြထားတဲ့ ကလေးသူငယ်ဆိုင်ရာ အစီအစဉ်တွေနဲ့ ပတ်သက်ပြီးလည်း ဝေဖန်ခဲ့ပါတယ်။

PBS က အဲဒီသမ္မတရဲ့အထူးအမိန့်ဟာ "အကြီးအကျယ် ဥပဒေနဲ့မညီဘူး" လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ဟာ အမေရိကန်လူထုအတွက် ပညာပေးအစီအစဉ်တွေ ထုတ်လွှင့်ပြသနိုင်မှုစွမ်းရည်ကို ခြိမ်းခြောက်နေတယ်လို့ အဲဒီဌာနက ဆိုပါတယ်။

အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ကော်ပိုရေးရှင်းကလည်း အဲဒီဌာနဟာ သမ္မတရဲ့ အခွင့်အာဏာ လက်အောက်ခံ ဗဟိုအစိုးရအေဂျင်စီ မဟုတ်ဘဲ ပုဂ္ဂလိက အကျိုးအမြတ်ပဓာနမထားတဲ့ အဖွဲ့အစည်းသာဖြစ်တယ်လို့ဆိုရင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန် အများပြည်သူဆိုင်ရာ အသံလွှင့်ဌာနတွေကို ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရတွေရဲ့ ထောက်ပံ့မှုတွေအပြင် တစ်သီးပုဂ္ဂလနဲ့ ကုမ္ပဏီတွေဆီက လှူဒါန်းမှုတွေနဲ့ ငွေကြေးထောက်ပံ့ထားပါတယ်။ PBS မှာဆိုရင် ဗဟိုအစိုးရရဲ့ ရန်ပုံငွေက ဒီဌာနဘတ်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment