Pages

Pages

ဆင်သေရေလှောင်တမံမှ မန္တလေးငလျင်ကြီးအပြီး မေလ ၂ ရက်အထိ ဧက ၇၀၀၀ ကျော် စိုက်ပျိုးရေပြန်လည်ပေးဝေနေပြီဖြစ်


နေပြည်တော်၊ မေ  ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးမင်းနောင်သည်  ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ဆင်သေရေလွှဲဆည်ရှိ ဆည်ရေသောက်တောင်သူများနှင့်တွေ့ဆုံ၍  ဆင်သေဆည်ရေသောက်စနစ်အတွင်းရှိ နွေစပါးနှင့်နွေသီးနှံလျာထား ဧရိယာများအားလုံးသို့ စိုက်ပျိုးရေအမြန်ဆုံးနှင့် အချိန်မီရောက်ရှိစေရေးအတွက် တောင်သူများကိုယ်တိုင်ကလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေကို လေလွင့်ဆုံးရှံးမှုအနည်းဆုံးဖြင့် စနစ်တကျစီမံဆောင်ရွက်ကြရန်နှင့် တောင်သူများအားလုံးစိုက်ပျိုးရေကို မျှတစွာခွဲယူသုံးစွဲကြရန် ဆွေးနွေးမှာကြားသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆင်သေရေလှောင်တမံမှ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါး/နွေသီးနှံမူလလျာထားဧက ၈၀၀၀ ကျော်ရှိရာ မန္တလေးငလျင်ကြီးအပြီး မေလ ၂ ရက်အထိ ဧက ၇၀၀၀ ကျော် စိုက်ပျိုးရေပြန်လည်ပေးဝေနေပြီဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ငလျင်ဒဏ်ကြောင့်  ရေသောက်စနစ်များပျက်စီးထိခိုက်မှုအပေါ် တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအနီးရှိ နွေစပါးစိုက်ခင်းများသို့ ဆည်ရေရောက်ရှိမှုများ ရေအချိန်မီမရောက်ရှိမှုအပေါ် သီးနှံအထွက်နှုန်းလျော့ကျမှုမရှိစေရေးအတွက် လိုအပ်သည့်နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနက တောင်သူ့‌စိုက်ကွင်းအရောက်ကွင်းဆင်းဖြန့်ဝေပေးကြရန်၊ မြေအောက်ရေနှင့် ဆိုလာတွင်းများ အနီးရှိ စိုက်ဧကများတွင် မိုးရာသီစပါးစိုက်ပျိုး၍ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံရေလိုအပ်ချက်အတိုင်း စိုက်ပျိုးရေပေးဝေ၍ နွေစပါးအပြင် အထွက်နှုန်းကောင်းသော စီးပွားဖြစ်သီးနှံများစိုက်ပျိုးနိုင်ရေး တောင်သူများကို မြေပုံနှင့်တကွရှင်းပြတိုက်တွန်း ပညာပေးဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေရေလွှဲဆည်၏ လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးများမှတစ်ဆင့် လက်တံမြောင်းခွဲများသို့  ရေပို့လွှတ်နေမှု၊ ရေသောက်ဧရိယာအတွင်းရှိ နွေစပါးနှင့်နွေသီးနှံစိုက်ခင်းများသို့ စိုက်ပျိုးရေပေးဝေနေမှုတို့ကို  ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်မှာကြားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment