နေပြည်တော်၊ မေ ၁၀
ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအ မှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၀ ရက်၊ ည ၉ နာရီခန့်က နေပြည်တော် တပ်မတော် လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ကောင်စီဝင်များ၊ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့်အဖွဲ့က လေဆိပ်မှ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment