မြောက်ဥက္ကလာပ၊ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများက အမှတ်(၈) အခြေခံပညာ အလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၇ နာရီအချိန် စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံး နှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းစေရေးအတွက် (ဈ)ရပ်ကွက်၊ဘုမ္မာလမ်း ရှိ အမှတ်(၈)အခြေခံပညာ အလယ်တန်း ပတ်၀န်းကျင် အနီး အနားရှိ အမှိုက် သရိုက် များကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင်ပင် ၊ ချုံနွယ် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ ကျောင်းအတွင်း / အပြင် များ တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊သစ်ရွက်ခြောက်ကြွေများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment