တိုက်ရည်ခိုက်ရည် အားဖြည့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားရန် ကင်ဂျုံအန်း ညွှန်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ရည်ခိုက်ရည် အားဖြည့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားရန် ကင်ဂျုံအန်း ညွှန်ကြား




ပြုံယမ်း၊ မေ ၁၄ 

မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မေ ၁၃ ရက်က မြောက်ကိုရီးယား ပြည်သူ့တပ်မတော် မြို့တော်ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၆၀ လေ့ကျင့်ရေးစခန်းတွင် အထူးတပ်ဖွဲ့၏ စစ်ရေးနည်းဗျူဟာ ဘက်စုံလေ့ကျင့်မှုများ၊ တင့်ကားတပ်ဖွဲ့၏ ခုခံယှဉ်ပြိုင်မှုနှင့် ပစ်ခတ်ရေး ဟန်ချက်ညီစွာ စစ်ဆင်ရေးနမူနာလေ့ကျင့်နေမှုများအား ကြည့်ရှုခဲ့ကြောင်း KCNA သတင်းဌာန၏ မေ ၁၄ ရက် သတင်းများအရ သိရသည်။

မြောက်ကိုရီးယားစစ်တပ်အတွင်း သိပ္ပံနည်းကျ တိုက်ခိုက်ရေး လေ့ကျင့်မှုစနစ် တည်ဆောက်ပြီး လေ့ကျင့်ရေးဌာနများ၏ လက်တွေ့ပြောင်းလဲမှုနှင့် တပ်ဖွဲ့အဆင့်ဆင့်၏ တိုက်ရည်ခိုက်ရည် အားဖြည့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားရန် ကင်ဂျုံအန်းက ညွှန်ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယနေ့ခေတ်စစ်ပွဲသည် စစ်ရေးလူရည်ချွန်များ၏ အားပြိုင်မှုဖြစ်ပြီး ကွပ်ကဲရေးမှူးများ၏ ဉာဏ်ပညာတိုက်ပွဲဖြစ်ကြောင်း၊ ကွပ်ကဲရေးမှူးများ၏ အဓိကဦးဆောင်မှု၊ ကိုယ်ပိုင်ရပ်တည်မှုနှင့် ဆန်းသစ်ဖန်တီးမှုကို မြှင့်တင်သည့်အခြေခံမူကို အခြေပြု၍ တိုက်ပွဲဝင်လေ့ကျင့်ရေးများ စီစဉ်ဆောင်ရွက်ရန် ကင်ဂျုံအန်းက အလေးထားပြောကြားခဲ့သည်။

အလွှာအသီးသီး တပ်ဖွဲ့များအနေဖြင့် ယနေ့ခေတ်စစ်ပွဲအတွက် အဆင်ပြေစွာ အသင့်ပြင်ထားရန်အတွက် စစ်တပ်လေ့ကျင့်ရေးပစ္စည်းများနှင့် လေ့ကျင့်ရေးစခန်းနေရာများကို ဘက်စုံ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရန်၊ လေ့ကျင့်ရေးတွင် သတင်းအချက်အလက်အသွင်စနစ်နှင့် သိပ္ပံနည်းကျ အကဲဖြတ်မှုစနစ်ကို အသုံးပြုရန်၊ ရာစုနှစ်သစ်တွင် တိုးတက်လာသည့်အခြေအနေအရ လေ့ကျင့်ရေးစနစ်သစ် တည်ဆောက်ရန်လည်း ကင်ဂျုံအန်းက ညွှန်ကြားခဲ့ကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)