ရွှေကျင်မြို့နယ် အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဘုရားဖူးသူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကျင်မြို့နယ် အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဘုရားဖူးသူများဖြင့်စည်ကား

 



ရွှေကျင်  ၊  မေ  ၁၁


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်အတွင်းရှိ သမိုင်းဝင်အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် မေလ ၁၁ ရက် ကဆုန်လပြည့်နေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်။


သမိုင်းဝင် အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် ကဆုန်လပြည့်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်ရပ်ဝေး/ ရပ်နီးမှပြည်သူများက ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့်အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်အား ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားကြီးပုရဝုဏ်အတွင်းရှိ မဟာဗောဓိ‌ညောင်ပင်အား ညောင်ရေသွန်းလောင်းပူ‌ဇော်ခြင်း၊ ဓမ္မစင်္ကြာဝတ်ရွတ်ပူဇော်ကြခြင်းများဖြင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ထွန်းထွန်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)