ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များ ရောက်ရှိ


နေပြည်တော်၊ မေ ၆

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများအတွက် ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှ လှူဒါန်းသော ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များ တင်ဆောင်လာသည့် Korean Air လေကြောင်းမှ Airbus A330-300 အမျိုးအစား လေယာဉ်သည် မေ ၅ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

ထိုသို့ ရောက်ရှိလာသည့် ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှ လှူဒါန်းသော ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များ စုစုပေါင်း (၁၃) ပုံး၊ ၅၈၂၀ Kg ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်ဖယ်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes & o Mr. Lincoln Sant Anna Siebra တို့ထံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းလက်ခံကြသည်။ အဆိုပါ ရောက်ရှိလာ သည့် ပစ္စည်းများကို ငလျင်ဒဏ်သင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)