မော်လမြိုင်မြို့တွင် ဆရာဝန်တစ်ဦးက ကွာရှင်းထားသည့် မိန်းမဖြစ်သူကို ငွေပေးပြီး သတ်ခိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့တွင် ဆရာဝန်တစ်ဦးက ကွာရှင်းထားသည့် မိန်းမဖြစ်သူကို ငွေပေးပြီး သတ်ခိုင်း


မော်လမြိုင်၊ မေ ၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆရာဝန်တစ်ဦးက ကွာရှင်းထားသည့် မိန်းမဖြစ်သူကို သတ်ရန် ငွေပေး၍ စေခိုင်းခဲ့ရာ လုပ်ကြံသူ အမျိုးသား လေးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၅ ရက် နေ့လည် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က  မော်လမြိုင်မြို့၊ ကွင်းရပ်၊ အောက်လမ်းမကြီး၊ Godavan ဒံပေါက်ဆိုင်ရှေ့တွင် မသင်္ကာဖွယ် လူ ၅ဦးခန့်မှာ တိုယိုတာမော်တော်ယာဉ် နှစ်စီးဖြင့် ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်းဖြစ်သူ အောင်ဇေယျမြို့သစ်ရပ်ကွက်၊ မုတ္တမမြို့၊ ပေါင်မြို့နယ်နေ အသက် ၅၀ အရွယ် နိုင်ဦးကို BIYATE စာတမ်းပါ စစ်စိမ်းရောင် ဘေးလွယ်အိတ် တစ်လုံး၊ အနက်ရောင် လယ်သာပိုက်ဆံအိတ် တစ်လုံးငွေစက္ကူများနှင့် သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ အော်တို 32 ကျည် ၁၂ တောင့်တို့နှင့် အတူ တွေ့ရှိဖမ်းမိခဲ့သည်။

၎င်းကို ဆက်လက်စစ်ဆေးနေစဉ် ကွင်းရပ်ရပ်ကွက်၊ အောက်လမ်းမကြီးအတိုင်း မောင်ငံဈေးဘက်မှ ကျောက်မီးသွေးရုံမီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် KYN 4 DD/1163 Toyota Probox အမျိုးအစား၊ အဖြူရောင် မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် သွေးသောက်ရပ်၊ ကျွဲခြံကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၁ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ဇော်မင်းလတ်(ခ)မှုံကြီး(ခ)ငမှုံ၊ အောင် "ဒီဇယ်ဆိုင်လမ်းကြား၊ မြေနီကုန်းရပ်ကွက်၊ မော်လမြိုင်မြို့တွင် နေထိုင်သည့် အသက် ၄၀ အရွယ် ဟိန်းဝင်း(ခ)ဗျက်စုတ်နှင့် သွေးသောက်ရပ်၊ ကျွဲခြံကုန်းရပ်ကွက်၌ နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ကျော်ဝင်းသူ(ခ) ကုလားတို့ကို တွေ့ရှိ၍  ဆက်လက်စစ်ဆေးခဲ့သည်။

ထို့နောက် ဖမ်းဆီးရမိသော နိုင်ဦး၏ ဖုန်းကို စစ်ဆေးရာ  မှုံကြီးနှင့် နိုင်ဦးတို့အပြန်အလှန်ပြောဆိုထားသည့် 'ဘာထိုင်လုပ်နေတာလဲ မလုပ်သေးဘူးလား၊ လူတွေအများကြီးနဲ့ ဘယ်လိုလုပ်မှာလဲ” စသည်ဖြင့် အပြန်အလှန် ပြောဆိုမှုများ တွေ့ရှိ၍ အသေးစိတ်စစ်ဆေးခဲ့ရာ Godavan ဒံပေါက်ဆိုင်မှ မဝင့်မြတ်မြတ်ဖြိုးနှင့် ကွာရှင်းထားသူ အသက် ၃၅ နှစ်အရွယ် ဒေါက်တာ ဇင်မင်းနောင်နောင်က  မဝင့်မြတ်မြတ်ဖြိုး၏ ငွေကြေးကိစ္စများ အရှုပ်အရှင်းကြောင့် လုပ်ကြံသတ်ဖြတ်ရန် နိုင်ဦးအား ငွေကျပ်သိန်း ၈၀ ပေး၍ ခိုင်းစေခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် မှုံကြီးပါ သုံးဦးတို့ကို ခေါ်ဆောင်ကာ လာရောက်ခဲ့သော်လည်း လမ်းသွား၊ လမ်းလာများ ရှုပ်ထွေးနေပြီး အခြေအနေမပေးသဖြင့် လုပ်ကြံသတ်ဖြတ်ရန် စောင့်ဆိုင်းနေစဉ် ရဲတပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်ဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး မဝင့်မြတ်မြတ်ဖြိုးအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သူ နိုင်ဦး၊ ဇော်မင်းလတ်(ခ)မှုံကြီး၊ ကျော်ဝင်းသူ၊ ဟိန်းဝင်း(ခ)ဗျက်စုတ်၊ ဒေါက်တာ ဇင်မင်းနောင်နောင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရအမှုရေးဖွင့်ထားကြောင်း သိရသည်။


Photo - YT

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)