ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွား ရောက်လေ့လာ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ သင်တန်းစခန်းအလိုက် ပြိုင်ပွဲ များပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွား ရောက်လေ့လာ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ သင်တန်းစခန်းအလိုက် ပြိုင်ပွဲ များပြုလုပ်






နေပြည်တော်၊ မေ ၁၄

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်း နည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာသို့ သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ 

ထို့နောက် လေ့လာရေးခရီးလာရောက်ကြသော ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများအား ပြခန်းခန်းမဆောင်၌ ပြသထားသော နျူကလီးယားနည်းပညာ အသုံးပြု၍ ရောဂါရှာဖွေမှု(တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို အမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများ နှင့် အလုပ်လုပ်ပုံပြ နမူနာပုံစံ၊ ခန္ဓာကိုယ်၏ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင်ပါရှိသော ဓာတ်ရောင်ခြည်ပမာဏ နှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယား နည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်း စနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခု၏အတွင်းပိုင်း ပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့်ပုံဖော်ပြသထားသည့် ပုံစံငယ်နှင့်လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် Wind Turbine နမူနာပုံစံငယ်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် ဗီဒီယိုပြ ခန်းမဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသထားသည့်သီချင်း MTV ၊ အသေးစား လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ် ဓာတ်အားထုတ် ဓာတ်ပေါင်းဖို တည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်း ပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဏအသီးသီးတို့တွင် လက်တွေ့ကျကျအသုံးပြုနေ ခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုကြသည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်းများဖြစ် သည့် မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်း၊ မြန်မာပြည် တောင်ပိုင်းသင်တန်း စခန်း၊ ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင်သင်တန်းစခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီး သင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ ပြည်သင်တန်းစခန်း၊ မြိတ်သင် တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာ သင်တန်းစခန်း၊ နေပြည်တော် သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်းနှင့် ကိုကိုးကျွန်း သင်တန်းစခန်း စသည့် သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသားများသည် နေပြည်တော်ကောင်စီနယ်မြေရှိစစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ပြုလုပ်သည့် စခန်းပေါင်းစုံ RC လေယာဉ်မောင်း နှင်ခြင်းနှင့် RC ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာသင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)