မြောက်ဥက္ကလာပမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်




မြောက်ဥက္ကလာပ၊  မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ လူမှု၀န်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြင့်က အမှာစကားပြောကြားခဲ့ပြီး အနောက်ပိုင်းခရိုင်လူမှု၀န်ထမ်းရုံးမှ လက်ထောက်ညွန်ကြားရေးမှူဒေါ်ဝင်းသိင်္ဂီမင်းက အနောက်ပိုင်းခရိုင် လူမှု၀န်ထမ်း အနေဖြင့် တည်ထောင်ခွင့်ပြုမိန့် လာရောက် လျှောက်ထားခြင်းမရှိဘဲ ဖွင့်လှစ်ဆောင်ရွက်နေသည့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိက ကလေးထိန်းကျောင်းများအား ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားနိုင်ရေး စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် မရမ်းကုန်းခရိုင်လူမှု၀န်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ပပမော်က ကလေးသူငယ် ရှေးဦးပြုစုပျိူးထောင်ရေး အကြောင်းအား အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများ နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ တင်ပြချက်များအပေါ်  တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)