ထရမ့်က ညစာအတူစားချင်တယ်လို့ ပြောပေမဲ့ မဆိုင်တဲ့ကိစ္စတွေကို မရောစေချင်ဘူးလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က ညစာအတူစားချင်တယ်လို့ ပြောပေမဲ့ မဆိုင်တဲ့ကိစ္စတွေကို မရောစေချင်ဘူးလို့ ဆို


မေ - ၁၄ ( ဗုဒ္ဓဟူးနေ့ ) 

မနေ့ကကျင်းပတဲ့ ဆော်ဒီအာရေဗီးယား က ရိယက်မြို့  ဆော်ဒီ - အမေရိကန် ရင်းနှီးမြုပ်နှံမှုဖိုရမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိဖြစ်ပေါ်နေတဲ့ အိန္ဒိယ- ပါကစ္စတန်စစ်ပွဲ နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ၂ နိုင်ငံ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး လမ်းလျှောက် စကားပြောချင်ကြောင်း၊ ပြီးရင် ညစာ အတူတူ စားလိုကြောင်းပြောသွားပါတယ်။ 

ပြီးတော့ သူက အဲ့ဒိ၂ နိုင်ငံကြားမှာ အပစ်ရပ်ရေးအတွက် ပွဲစားလုပ်လိုကြောင်း တကယ်လို့ အပစ်မရပ်တဲ့ နိုင်ငံကို ကုန်သွယ်ရေး စစ်ပွဲကြေညာမှာဖြစ်ကြောင်း ပြောသွားပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အမေရိကန်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံကြားက ကုန်သွယ်ရေးကိစ္စက သက်သက်၊ ပါကစ္စတန် နဲ့ အိန္ဒိယနိုင်ငံကြားမှာဖြစ်နေတဲ့ ကိစ္စက သက်သက် မရောထွေးစေလိုကြောင်း၊ ပါကစ္စတန် နယ်စပ်က အကြမ်းသမားတွေကို အိန္ဒိယနိုင်ငံက ရှင်းလင်းနေတာဖြစ်လို့ ကုန်သွယ်ရေး နဲ့ခြိမ်းခြောက်မယ်ဆိုရင်တောင်း လက်ခံနိုင်မှာ မဟုတ်ကြောင်း တရားဝင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားသွားပါတယ်။ 


REF: MEA

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)