ငလျင်ဘေးသင့်ဒေသများအတွက် နိပွန်ဖောင်ဒေးရှင်း က အမေရိကန်ဒေါ်လာ(၃)သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးသင့်ဒေသများအတွက် နိပွန်ဖောင်ဒေးရှင်း က အမေရိကန်ဒေါ်လာ(၃)သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ ပေးမည်




နေပြည်တော်၊ မေ ၁၀

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးက နိပွန်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာယူဂျီမိုရီကို  ၉-၅-၂၀၂၅ ရက်၊ နံနက် ၁၁၁၅ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံရာတွင် မစ္စတာယူဂျီမိုရီက ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီး ဆုံးရှုံးခဲ့ကြရသည့် မိသားစုများနှင့်အသိုက်အဝန်းများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်းပြောကြားခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းမှ ငလျင်ဒဏ်ထိခိုက်ခံစားရသည့်ဒေသများအတွက် အစားအသောက်များ၊ ဆေးဘက်ဆိုင် ရာပစ္စည်းများအပါအဝင် အမေရိကန်ဒေါ်လာ(၃)သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မှဒေသအချို့နှင့် နေပြည်တော်ရှိငလျင်ဘေးဒဏ် သင့်ပြည်သူများသို့ ပေးအပ်ရန်စီစဉ်လျက်ရှိမှုကို ရှင်းလင်း ပြောကြားခဲ့သည်။ 

ဒုတိယဝန်ကြီးက နိပွန်ဖောင်ဒေးရှင်းမှ ပေးအပ်လျက်ရှိသည့် အကူအညီများနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအနေအထားနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အတွက် နိုင်ငံတကာအကူအညီများ လိုအပ်လျက်ရှိမှုနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)