ရန်ကုန် ၊ မေ ၁၀
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စီစဉ်ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းမှူးက မိတ်ဆက်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကိုအပတ်စဉ်သောကြာနေ့တိုင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းပို့ချမည့် ဆရာများမှာ ဦးကိုကိုဦး(MDEA, Executive Director)၊ ဦးမောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)၊ ဦးရဲမင်းစိုး(မောင်မောက်ဝတ်လုံ)နှင့် ဦးမြတ်စိုး(လှိုင်)တို့ ကစာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment