ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် လွိုင်ကော်မြို့ ဆုတောင်းပြည့်မြို့နာမ်ရွှေစေတီတော်၌ ဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် လွိုင်ကော်မြို့ ဆုတောင်းပြည့်မြို့နာမ်ရွှေစေတီတော်၌ ဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ





လွိုင်ကော်၊ မေ ၁၂

ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် လွိုင်ကော်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်၊ အလှူရှင် ပြည်သူများက စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။

လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအလိုက် မဏ္ဍပ်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ စေတနာရှင်ပြည်သူများက ဘုန်းတော်ကြီးကျောင်း (၇၉)ကျောင်းမှ ရဟန်း၊ သာမဏေ (၆၁၉)ပါးနှင့် သီလရှင်ကျောင်း (၃)ကျောင်းမှ သီလရှင် (၉၂)ပါး စုစုပေါင်း (၇၁၁)ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကြွရောက်ကြသည့် ဆရာတော်၊ သံဃာတော်များအား အအေးကပ်လှူခဲ့ပြီး ဧည့်ပရိတ်သတ်များအား စတုဒီသာများ ကုသိုလ်ပြုကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယခု ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုမှာ စုစုပေါင်း တန်ဖိုးငွေကျပ် (၈၃၁)သိန်းကျော်ဖြစ်ပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ တောင်တန်းသာသနာပြုတပ်ဦးကျောင်း၌ နိဗ္ဗာန်ဈေးပွဲတော်အား ကျင်းပခြင်း၊ ဘုရားစေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ပြု ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)