ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူ များ စခန်းပေါင်းစုံ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူ များ စခန်းပေါင်းစုံ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်





နေပြည်တော်၊ မေ ၁၅

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ လေ့လာရေးခရီးသွားရောက်ကြသည်။ ဦးစွာ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ တပ်မတော်(လေ)တွင် အသုံးပြုလျက်ရှိသော လေယာဉ် များအကြောင်းကို တပ်မတော်(လေ)က တာဝန်ရှိသူများမှလိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်ရှိ Y 8 လေယာဉ် ၊ F-7 လေယာဉ်၊ Beechcraft 1900D လေယာဉ်နှင့် ATR 72 လေယာဉ်များ ၏စွမ်းပကားနှင့် အခြားသိသင့်သိထိုက်သည်များ ကိုစိတ်ပါဝင်စားစွာလေ့လာခဲ့ကြရာ တာဝန်ရှိသူများကရှင်းလင်းပြသသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၀၁ ဦးတို့သည် စခန်းပေါင်းစုံပြိုင်ပွဲများ ကျင်းပပြီးမြောက်၍ ယနေ့တွင် နေပြည်တော်လေတပ်စခန်းရှိ ပျံသန်းရေးအုပ်များသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)