ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမတက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကျောင်းဖွင့်ချိန်အမီပြီးစီးရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမတက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကျောင်းဖွင့်ချိန်အမီပြီးစီးရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ မေ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မသုံးထပ်ဆောင်၊ စာသင်ဆောင်များ၊ ကျောင်းသားအိပ်ဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုများကိုလည်းကောင်း၊ ယာယီရုံးဖွင့်လှစ်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် အဖြေလွှာစစ်ဆေးနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်၍ ငလျင်ဒဏ်သင့် အဆောက်အအုံများကို သတ်မှတ်အချိန်မီပြန်လည်ပြုပြင်နိုင်ရေး အရှိန်အဟုန် မြှင့်လုပ်ဆောင်ကြရမည်ဖြစ်ပြီး အရည်အသွေးပြည့်ဝရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးပုံမှန်ရရှိ ရေး၊ မိလ္လာစနစ်ကောင်းမွန်ရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသို့သွားရောက်၍ ခြံစည်းရိုးပြိုကျပျက်စီးမှုအခြေအနေ၊ ယာယီရုံးဖွင့်လှစ်ဆောင်ရွက်နေမှုအခြေ အနေတို့ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက‌ ရွေ့လျားရေသန့်စင်ကား နှစ်စီးဖြင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ဆောင် များနှင့် သန့်စင်ခန်းများ ပြန်လည်ပြုပြင်နေမှု၊ သမဝါယမကောလိပ် (မန္တလေး) သုံးထပ်ပင်မဆောင် နှင့်စာသင်ဆောင်များ ပြန်လည်ပြုပြင်နေမှု၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း၏ နို့ချက်စက်ရုံ၌ နို့ဆီနှင့် ဒိန်ချဉ်ထုတ်လုပ်နေမှုကိုလည်း ကောင်း၊ သဘာဝမြေဩဇာများ ထုတ်လုပ်နေမှု၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Good Brother ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းတည်ဆောက်သည့် ဆန်စက်ရုံကို ကြည့်ရှုစစ်ဆေး သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်ခရိုင် စုပေါင်းရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန လေးခုမှ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြား၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ရုံးဝင်းအတွင်း သမဝါယမဦးစီးဌာနရုံး တည်ဆောက်မည့်မြေနေရာကိုလည်းကောင်း၊ အလှူရှင်များလှူဒါန်းထားသော Prefabricated Modular House ငါးလုံးထားရှိမည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် မိတ္ထီလာမြို့နယ် ညောင်ဇောက်ကျေးရွာအုပ်စု ကံဦးစံပြကျေးရွာရှိ ကံဦး (စံပြ) လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ဆိတ်မွေးမြူရေးခြံသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် မတ်လမှစတင်ပြီး ဆိတ်ကောင်ရေ ၁၂၀ မွေးမြူခဲ့ပြီး မတ်လအထိ ကောင်ရေ ၁၇ ကောင် တိုးပွားလာမှုကိုလည်းကောင်း၊ ပန်းတော်ဆက်ကျေးရွာသို့ သွားရောက်၍ ပန်းတော်ဆက် နို့စားနွားမွေးမြူရေးသမဝါယမအသင်း၏ ၂၀၂၄ ခုနှစ် ဩဂုတ်လမှစ၍ စပ်မျိုး နွားကောင်ရေ ၁၄၆ ကောင် မွေးမြူခဲ့ပြီး ယနေ့အချိန်ထိ ခြောက်ကောင်တိုးပွားလာမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)