အဓမ္မဝါဒကို ဖော်ထုတ်တားဆီးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထား ကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဓမ္မဝါဒကို ဖော်ထုတ်တားဆီးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထား ကြေညာချက်


 

အဓမ္မဝါဒကို ဖော်ထုတ်တားဆီးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထား ကြေညာချက်


ရက်စွဲ ။   ။ ၂၀၂၅ခုနှစ်၊ မေလ(၂၉)ရက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း(၅)ဖာလုံ (၁၆)မိုင်အနီး အရိယာမဏ္ဍိုင်တောရ ရိပ်သာမှ ဦးသူရိယ ၏ ဟောပြောမှုများသည် ဓမ္မနှင့် လျော်ညီခြင်း မရှိသောကြောင့် ဓမ္မ/ အဓမ္မ အဆုံး အဖြတ် ပေးနိုင်ရန် တတ်သိပညာရှင်များက နိုင်ငံတော်သံဃမဟာနယကအဖွဲ့ထံ စောဒနာတင်ခဲ့ကြသည်။

ဦးသူရိယ၏ ဟောပြောမှုများကို လေ့လာကြည့်သည့်အခါ ၎င်း၏ ကျောင်းတိုက်သို့ ရောက်ရှိလာသော ဗုဒ္ဓဘာသာဝင်များအား သုံးမိနစ်ဖြင့် နိဗ္ဗာန်အရောက်ပို့မည်ဟုလည်းကောင်း၊ စောဒနာတင်ထားစဉ်အတွင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဆရာတော် (၄၇)ပါးကို သောတပန်တည်အောင် ဟောမည်ဟု လည်းကောင်း သံဃာဥသျှောင် ဆရာတော်ကြီးများကိုပင် မဖွယ်မရာ စော်ကားပြောဆိုခဲ့သည့် မှတ်တမ်း များကို တွေ့မြင်ရပါသည်။

တတ်သိပညာရှင်များက စောဒနာတင်ခဲ့သည်အပေါ် နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ် (၂၀/၂၀၂၅) က ၂၃-၅-၂၀၂၅ ရက်နေ့တွင် စိစစ်ပြီး ဦးသူရိယ ပါ (၂၇)ဦးတို့၏ ဟောပြောချက်များသည် သံဂါယနာ(၆)တန်တင် ထေရဝါဒပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် မညီညွတ် သောကြောင့် အဓမ္မဝါဒဖြစ်သည်ဟု ဆုံးဖြတ်တော်မူခဲ့ပါသည်။

ဆရာမှားလျင် အပါယ်လားနိုင်သည်ဟူသော ဆရာတော်ကြီးများ၏ မိန့်ကြားချက်ကိုလည်း ဗုဒ္ဓဘာသာဝင် ပြည်သူများအနေဖြင့် အထူးသတိပြုရန် လိုအပ်ပါသည်။ 

နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ် (၂၀/၂၀၂၅) က အဓမ္မအဖြစ် ဆုံးဖြတ်ခဲ့ပြီးဖြစ်သော်လည်း ဦးသူရိယ ပါ (၂၇) က လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိ၊ အဓမ္မဝါဒကို စွန့်လွှတ်ပါမည်ဟု လက်မှတ် ရေးထိုး ခြင်း မရှိသောကြောင့် နိုင်ငံတော်သံဃမဟာနယကအဖွဲ့က ဓမ္မစက်အရ ဆောင်ရွက်ပြီးဖြစ်၍ အရပ်ဘက် အာဏာစက်ဖြင့် ဆက်လက်ဆောင်ရွက်ရန် လွှဲအပ်ထားပြီးဖြစ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ မှန်ကန်စွာ ဆက်လက်ဆောင်ရွက်ပေးရန် တောင်းဆို သည်။

ဦးသူရိယနှင့် အပေါင်းအပါများ၏ မှားယွင်းသော ဟောပြောမှုများကို စိစစ်၍ စောဒနာတင်ခဲ့ကြသည့် ဆရာ ဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) ပါဝင်သော စောဒကများ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။


မြန်မာအမျိုးသားရေးကွန်ရက်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)