မှော်ဘီမြို့နယ် အခြေခံပညာမူလတန်းကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ် အခြေခံပညာမူလတန်းကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်





မှော်ဘီ   ၊ မေ ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်က အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက် အခြေခံပညာမူတန်းကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်ရေနုတ်မြောင်းများနှင့် သစ်ပင်ချုံနွယ်များ၊ စာသင်ခန်းအတွင်းရှိ ခုံအောက်များအတွင်း ခြင်ဆေးဖျန်းခြင်း၊ ကျောင်းတွင်းရှိအုတ်ကန်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်​​ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခြင်ပေါက်ဖွားမှု များပြားနိုင်​သည့်အတွက် ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်​ရေး ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပြီး အခြားသောနေရာများရှိ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေနုတ်မြောင်းများအတွင်း၌ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ရန် ကျန်ရှိနေသော အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအား မြိုနယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးခင်ဦး ဦးဆောင်ကြီးကြပ်၍ စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ကွင်းဆင်းဆောင်ရွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဝင်းဇော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)