နေပြည်တော်၊ မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်သဘာဝတရားရိပ်သာ ဆရာတော် ဒေါက်တာဥတ္တမသာရနှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ အလှူပစ္စည်းတန်ဖိုး (၁၄,၄၅၅,၀၀၀)ကျပ်ရှိ မိသားစုအိပ်ခြင်ထောင် (၄၅၆)ထည်၊ ခေါက်ဆွဲခြောက် (၃၁)ဖာတို့အား မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး၏ ဘေးဒဏ်ကို ခံစားခဲ့ရသူများအတွက် ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သံလျင်သဘာဝတရားရိပ်သာဆရာတော် ဒေါက်တာဥတ္တမသာရမှ အလှူပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လက်ခံယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာအား ပြန်လည်ဆပ်ကပ်ခဲ့သည်။ ထို့နောက် သဘာဝတရားရိပ်သာဆရာတော်မှ လှူဒါန်းရခြင်းအကြောင်းနှင့် ဩဝါဒစကားမြွက်ကြားခဲ့ပြီး ပါတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်လျှောက်ထားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အလှူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်သဘာဝတရားရိပ်သာ ဆရာတော် ဒေါက်တာဥတ္တမသာရနှင့် ရဟန်းသံဃာတော်များ၊ တပည့် ဒါယကာ၊ ဒါယိကာမများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost









No comments:
Post a Comment