ကိုဗြော - ဗျို့ ကိုကြီးထော ဘာတွေ လုပ်နေလဲဗျ။ အိမ်လည် လာတာဗျို့။ ဝင်ခဲ့မယ်နော်။
ကိုထော - အေးလာလကွာ။ ဘာရယ် မဟုတ်ပါဘူးကွာ။ သတင်းလေးတွေ လိုက်ကြည့်တော့ အကြမ်းဖက်သမားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ စိတ်မချမ်းသာစရာတွေချည်းပါပဲကွာ။
ကိုဗြော - ဆိုစမ်းပါအုံး၊ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေ ဘယ်လောက်အထိအောင် ဆိုးသွမ်းလာနေပြီလဲ။
ကိုထော - ဘယ်လောက်အထိ ဆိုးသွမ်းလာပြီလဲ မေးရင်တော့ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေမှာ လူစိတ်မရှိတော့ဘူး။ ခွေးတိရစ္ဆာတွေလို ဖြစ်နေပြီလို့ ပြောရတော့မှာပဲ။
ကိုဗြော - ပြောပါအုံး ကိုကြီးထောရဲ့၊ ဘယ်နေရာမှာ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေက လက်နက်မဲ့ ပြည်သူတွေကို ဘယ်လို သတ်လိုက်ပြန်ပြီတဲ့လဲ။
ကိုထော - မနေ့က (၁၁-၅-၂၀၂၅) ရက်နေ့ကပဲ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်(ခွဲ)၊ ရွာပုလဲကျေးရွာက အမျိုးသား ၂ဦး နီပိန်း ပဒက် အကြမ်းဖက်သမားတွေက လာသတ်သွားသတဲ့။ ၂ယောက်သား လက်ဖက်ရည်ဆိုင်ရှေ့ စကားရပ်ပြောနေချိန် အကြမ်းဖက်သမား ၆ဦးက ရောက်လာပြီး ဒလံတွေ ရှင်းပစ်လို့ ကြွေးကြော်ပြီး သတ်သွားသတဲ့ ငါ့ကောင်ရေ။
ဒါတင် ဘယ်ကမလဲကွာ။ အထက်မင်းလှ၊ ကန်နီကျေးရွာမှ ကျောင်းဆရာမနဲ့ သူ့အမျိုးသားကို နီပိန်း ပဒက်တွေက လာသတ်သွားတယ်။ ပခုက္ကူမြို့၊ အမှတ်(၁၃) ရပ်ကွက်မှာ အမှိုက်သွားပစ်တဲ့ အမျိုးသမီးကို နီပိန်း ပဒက် အကြမ်းဖက်သမားက သတ်လိုက်တယ်။ မပြီးသေးဘူး။ ထားဝယ်မြို့နယ်၊ တောနားတန်းကျေးရွာမှာ နီပိန်း ပဒက်အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ မိုင်ကွဲပြီး ၁၃နှစ်အရွယ် ကလေး ထိခိုက်သေဆုံးပြီး အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရတယ်။
ကိုဗြော - ရက်စက်ပါပေ့ဗျာ။ ခင်ဗျားပြောတာ နားထောင်နေရင်းနဲ့တောင် ဒေါသအလိပ်လိုက် ထွက်လာပြီ။ ပြည်ဖျက်မိစ္ဆာတွေ တော်လှန်ရေးလို့ အသံကောင်းဟစ်ပြီး လက်နက်မဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာ။
ကိုထော - ဒါ့ထက်တောင် ဆိုးသေးတယ် မောင်ရေ၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ကွယ်ကျေးရွာက ဓမ္မစကူးလ်ဖွင်ေ့နတဲ့ ဆရာတော်ကို KNLA/PDF အကြမ်းဖက်သမားတွေက လာပြီး လုပ်ကြံသတ်ဖြတ်သွားသတဲ့ကွာ။
ကိုဗြော - လုပ်ရပ်လိုက်လေခြင်းဗျာ။
ကိုထော - ဖြစ်စဉ်က ဒီလိုကွ၊ အဲဒီ အကြမ်းဖက်သမားတွေ က ဆရာတော်ကျောင်းမှ စခန်းချချင်တယ်တဲ့။ ဆရာတော်က ကျောင်းမှာ ဓမ္မစကူးလ်ဖွင့်နေတော့ နေလို့မဖြစ်ဘူး။ ကလေးတွေ ရှိတယ်ပေါ့။ အဲဒါကို အကြမ်းဖက်သမားတွေက ဘုန်းကြီးက စစ်တပ်ကြတော့ လက်ခံတယ်နော် လို့ ပြောပြီး ပြန်သွားသတဲ့။ နောက်ရက်ကြတော့ လာပြီး သတ်သွားကြတာပါပဲကွာ။ ငါအခုပြောတဲ့ သတ်ဖြတ်မှုတွေက အခု ရက်ပိုင်းအတွင်းမှာ ဖြစ်သွားတဲ့ ကိစ္စတွေချည်းပဲ
ကိုဗြော - အော် ဒါနဲ့ ငါ့သရောက်မြို့နယ်မှာ မနေ့က ၂ယောက် အသတ်ခံရတယ်ဆိုလို့ အဲဒီမှာလည်း အသတ်ခံရတာတွေက ခပ်စိပ်စိပ်ဖြစ်နေပြီနော်။
ကိုထော - ဟုတ်ပါ့ဗျာ။ ငါ့သရောက်မြို့နယ်ထဲမှာ နီပိန်း ပဒက် အကြမ်းဖက်သမား ဖမ်းဆီး သတ်ဖြတ်တာ ၁၉ဦး ရှိသွားပြီ။ အာဏာပိုင်ဆိုတဲ့ ဟာတွေကလည်း အာဏာပိုင်ဆိုပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အလေးထားပြီး လုပ်တာမှ မရှိဘဲကွာ။ တနေ့ကပဲ ငါ့သရောက်မြို့၊ ဆင်သားမွေးရွာအနီးမှာ အကြမ်းဖက်သမား ၆၀၀ လောက် စခန်းချနေသတဲ့။ ရွာသားတွေကို တစ်အိမ်တစ်ယောက် ခေါ်ပြီး အစည်းအဝေးတောင် လုပ်သွားသေးသတဲ့ကွာ။
ကိုဗြော - ကာချုပ်ကြီး က တပ်နယ်အလိုက် အကြမ်းဖက်လှုပ်ရှားမှု ပပျောက်အောင် လုပ်ဆောင်ဖို့၊ လက်နက်ကိုင်ပြီး လက်နက်မဲ့ပြည်သူကို အနိုင်ကျင့်စော်ကားတာတွေ ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ပြောထားတယ်မဟုတ်လားဗျ။
ကိုထော - ကြာပေါ့ဗျာ၊ တပ်ချုပ်ကြီးပြောသလို တပ်နယ်အလိုက် တာဝန်ရှိသူတွေကသာ အလေးထား လုပ်ဆောင်ပေးမယ်ဆိုရင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ အခုလို နီပိန်း ပဒက် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်း ဘယ်ခံရမလဲဗျာ။ အခုက တပ်ချုပ်ကြီး လမ်းညွှန်သလို တပ်နယ်တိုင်းက အလေးမထားလို့ပေါ့။ ဒီလိုပဲ ပြောကြတော့မှာပေါ့။
ကိုဗြော - အေးဗျာ ကိုကြီးထော ပြောတဲ့ သတင်းတွေ ကြားရတာ တကယ်ကို စိတ်မကောင်းစရာပဲ။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေကနေ သွေးထိုးလှုံ့ဆော်။ နီပိန်း ပဒက် အကြမ်းသမားတွေက ငါနဲ့မတူ ငါ့ရန်သူ ဆရာတော်သံဃာတော်ပါ မချန် သတ်ဖြတ်နေကြတယ်။ ရက်စက်လွန်းကြတယ်ဗျာ။
ကိုထော - အဲဒါ ပြောတာပေါ့ကွ၊ တော်လှန်ရေး . . . တော်လှန်ရေး လို့ အသံကောင်းဟစ်ပြီး လက်နက်မဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို လိုက်သတ်နေတာ။ ဘာတော်လှန်ရေးလဲ။ အောက်တန်းစား တော်လှန်ရေးလို့ပဲ ပြောရတော့မှာပေါ့ကွာ။
https://t.me/MyanmarNationalPost

No comments:
Post a Comment