နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရွေးချယ်ဖွဲ့စည်းအပ်သော နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂၀/၂၀၂၅) ဆုံးဖြတ်ချက် [ လုပ်ထုံးလုပ်နည်းများ အပိုဒ်(၅၇-င) ] ၁၃၈၇-ခုနှစ်၊ ဝိနည်းဓမ္မကံမှုခင်းအမှတ်(၂ဝ/၂ဝ၂၅) -
စောဒက ဘဒ္ဒန္တဣန္ဒောဘာသ ပါ (၆)ဦးနှင့်
စုဒိတက ဦးသူရိယ ပါ ၂၇ ဦး တို့ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း
၁၆ မိုင်၊ ၅ ဖာလုံအနီး အရိယာမဏ္ဍိုင်တောရ
ရိပ်သာ ကျောင်းတိုက်၌ ဖြစ်ပွားသော ဓမ္မ/
အဓမ္မ မှုခင်းကို နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့က ရွေးချယ် ဖွဲ့စည်းအပ်သည့် ဝိနည်းဓိုရ်ဆရာတော်များပါဝင်သော
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၂၀/၂၀၂၅)က ကိုယ်တိုင်လက်မှတ်
ရေးထိုး၍ ဝိနည်းတရားတော်နှင့်အညီ ဆုံးဖြတ်ချက်ချမှတ် လိုက်သည်-
ဆုံးဖြတ်ချက်
စောဒကပုဂ္ဂိုလ်(၆)ဦးတို့က အမှတ်(၁)စောဒနာလွှာမှ အမှတ်(၄၆)စောဒနာလွှာ အထိ တင်ပြအပ်သော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီး စုဒိတက ဦးသူရိယပါ (၂၇)ဦးတို့၏ ဟောပြောချက်များသည် သံဂါယနာ ခြောက်တန်တင် ထေရဝါဒပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် မညီညွတ်သောကြောင့် အဓမ္မ ဝါဒဖြစ်သည်ဟုလည်းကောင်း၊ ထိုအဓမ္မဝါဒကို ဟောပြောသူ၊ လက်ခံသူ၊ ပုံနှိပ်ဖြန့်ဝေသူ တို့သည် အဓမ္မဝါဒီများဖြစ်ကြသည်ဟုလည်းကောင်း၊ ထိုအဓမ္မဝါဒများကို အသံသွင်းထား၊ ပုံနှိပ်ထား၊ ရေးသားထား၊ အင်တာနက်တင်ထား၊ မှတ်တမ်းတင်ထားသော အရာဝတ္ထု မှန်သမျှတို့သည်
အဓမ္မဝတ္ထုဖြစ်ကြသည်ဟုလည်းကောင်း ဝိနည်းဓိုရ်ဆရာတော်ကြီးများက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများ
၁။ ဘဒ္ဒန္တဣဒ္ဓိဉာဏာဘိဝံသ
(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)၊
သဘာပတိ၊
ရတနာ့ဗိမာန်စာသင်တိုက်။
၂။ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ
သဒ္ဓမ္မဇောတိကဓဇ)၊
အဖွဲ့ဝင်၊
တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်။
၃။ ဘဒ္ဒန္တသုန္ဒရ
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊
အဂ္ဂမဟာပဏ္ဍိတ)၊
အဖွဲ့ဝင်၊
စွန်းလွန်းဂူဝိပဿနာ ကျောင်းတိုက်။
၄။ ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ)၊
အဖွဲ့ဝင်၊
မှန်ကင်းပဇ္ဇောတာရုံ ကျောင်းတိုက်။
၅။ ဘဒ္ဒန္တနာရဒါဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ အဖွဲ့ဝင်၊
ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်။
https://t.me/MyanmarNationalPost




No comments:
Post a Comment