ဖြူးမြို့နယ်တွင် ဒူးရင်းသီး ပေါ်ဦးပေါ်ဖျားကာလတွင် စျေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်တွင် ဒူးရင်းသီး ပေါ်ဦးပေါ်ဖျားကာလတွင် စျေးကောင်းရရှိ




ဖြူး၊ မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရောင်းချနေသည့် ဒူးရင်းသီးများ စျေးကွက်တွင် စတင်ရောင်းနေပြီး ပေါ်ဦးပေါ်ဖျားဖြစ်ခြင်းကြောင့် ပေါများမှုမရှိသော်လည်း ယခင်နှစ်များထက် စျေးကောင်းလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ဒူးရင်းသီးပေါ်ချိန်၌ ရောင်းချသည့် ဒူးရင်းသီးဆိုင်များမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးနှင့် အုတ်ဖြတ်သံလမ်းဘေးတွင် ရောင်းချမှုများပြီး ရောင်းချသည့် အသီးများမှာ အများအားဖြင့် ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာထွက်အသီးများအား မေလပိုင်းမှ စတင်ကာ နိုဝင်ဘာလအထိ မှာယူပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

စျေးနှုန်းအားဖြင့် အရွယ်အစားအလိုက် အမျိုးမျိုးရှိ၍ ယခင်နှစ်စျေးနှုန်းအရ အနိမ့်ဆုံးစျေး အလုံးငယ်တစ်လုံးလျှင်(၅၀၀၀)ကျပ်ရှိရာ ယခုနှစ် ပေါ်ဦးပေါ်ဖျားဖြစ်ခြင်းကြောင့် စျေးနှုန်းနှစ်ဆထိ စျေးပိုကောင်းပြီး (၁၅၀၀၀)ကျပ်၊ (၂၀၀၀၀)ကျပ်၊(၂၅၀၀၀) ကျပ်၊ (၃၅၀၀၀)ကျပ်နှုန်း အသီးများသာ ရောင်းချနိုင်ကြောင်း ဒူးရင်းသီးရောင်းချသူများထံမှ သိရသည်။

ဖြူးဒေသအတွင်း ရောင်းချသည့် ဒူးရင်းသီးများအား အများဆုံးဝယ်ယူသူများမှာ အခြားဒေသများမှ ဆိုင်ကယ်များ၊ကိုယ်ပိုင်ကားများ၊ ခရီးသည်တင်ကားများဖြင့် လမ်းကြုံဝယ်ယူသူများအား ပိုမိုရောင်းချပေးရကြောင်း သိရသည်။


နေမျိုးလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)