Pages

Pages

ထိုင်းနိုင်ငံ၊ မဟာချိုင်တွင် ကျင်းပမည့် ကိုရင်လေး ရှင်ဥတ္တမ၏ တရားပွဲကျင်းပခွင့် ပိတ်ပင်ခံရ




မဲဆောက်၊ မေ ၂

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်၊ ဝေလရပ်ကွက်၊ တနင်္ဂနွေဈေးတွင် မေလ ၁ ရက်နေ့ ညပိုင်းက ကျင်းပမည့် ကိုရင်လေး ရှင်ဥတ္တမ၏ တရားပွဲကို ထိုင်းအာဏာပိုင်များက လာရောက်ပိတ်ပင်ခဲ့သဖြင့် တရားပွဲကျင်းပခွင့်မရဘဲ ပွဲပျက်သွားကြောင်း သိရသည်။

တရားပွဲဖြစ်မြောက်ရေးအတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ် သားများစုပေါင်း၍ ကိုရင်လေး ရှင်ဥတ္တမကိုပင့်ဖိတ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ကာ ပွဲစီစဉ်သူများက သက်ဆိုင်ရာသို့ တရားပွဲခွင့်ပြုမိန့် မတင်သည့်အတွက် ထိုင်းအာဏာပိုင်များက လာရောက်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မဟာချိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများသည် နှစ်စဉ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) တွင် ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ တရားပွဲကျင်းပ ပြုလုပ်လေ့ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment