Pages

Pages

သထုံမြို့နယ်တွင် အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သောက်သုံးရေများ လိုက်လံလှူဒါန်း





သထုံ၊ မေ  ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရေအခက်အခဲဖြစ်ရာ နေရာများအား အကြင်နာတွဲလက် လူမှုကူညီရေးပရဟိတအသင်းမှ အများပြည်သူတို့၏စုပေါင်းလှူဒါန်းမှုဖြင့် သောက်သုံးရေများ  လိုက်လံလှူဒါန်းလျက်ရှိကြောင်း သိရသည်။

အသင်းအနေဖြင့် နှစ်စဉ် လိုအပ်ရာနေရာများသို့ လိုက်လံလှူဒါန်းပေးနေပြီး ယခုနှစ်၌ မတ်လ ဒုတိယအပတ်မှစတင်ကာ ရေလှူဒါန်းမှုပြုလုပ်နေကြောင်း အသင်းတာဝန်ရှိသူက ပြောသည်။

"ပြီးခဲတဲ့ မတ်လ ဒုတိယပတ်လောက်ကစပြီး လှူနေတာပါ။ နှစ်စဉ် ဒီလိုအချိန်ရောက်ပြီဆို လိုက်လှူပေးရတာပါဘဲ။ ဒီလိုလှူနိုင်ဖို့အတွက် စေတနာရှင် အလှူရှင်တွေကိုဖိတ်ခေါ်ပြီး ကျွန်တော်တို့အသင်းကတော့ အသင်းပိုင်‌ယာဉ်နဲ့ လုပ်အားပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်။ အခုကာလမှာတော့ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ဆိုရင် သောက်သုံးရေလိုအပ်ချက်ကတော့ ရှိနေတုံးပါ" ဟု ၎င်း ကပြောသည်။

အနှိုင်းမဲ့မေတ္တာ အသင်းအနေဖြင့် မတ်လ ဒာတိယအပတ်မှစတင်ကာ နေ့စဉ် အသင်းပိုင် ရေသယ်ယာဉ်ဖြင့် တစ်နေ့လျှင် ဂါလံ ၂၀၀၀၀ ခန့်အား သထုံမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတို့ရှိ ဘာသာရေးအဆောက်အဦများ၊ ပြည်သူများထံ စဉ်ဆက်မပြတ် လိုက်လံလှူဒါန်းနေကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment