သရက်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ပိုစတာစိုက်ထူပွဲအထိမ်းအမှတ်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ပိုစတာစိုက်ထူပွဲအထိမ်းအမှတ်အခမ်းအနား ကျင်းပ


သရက်၊ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အထိမ်းအမှတ် ပိုစတာစိုက်ထူးခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အထိမ်းအမှတ်ပိုစတာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းအပ်နှံရေးနေ့သီတင်းပတ် ပိုစတာအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်ပညာရေးမှူးတို့က အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်(သရက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)