ထိုင်းနိုင်ငံမှာ မိုးကြီးမယ်လို့ မိုး/ဇလ ခန့်မှန်းထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံမှာ မိုးကြီးမယ်လို့ မိုး/ဇလ ခန့်မှန်းထား


မေ - ၁၇ ( စနေနေ့) 

ဒီကနေ့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဘန်ကောက်မြို့ အပါအဝင် အလယ်ပိုင်းဒေသ နဲ့ တောင်ပိုင်းဒေသတွေမှာ ထစ်ချုန်းမိုးရွာနိုင်ချေရှိပြီး နေရာကွက်ကျား မိုးသည်းထန်နိုင်တယ် လို့သိရပါတယ်။ 

အနောက်တောင်မုတ်သုံလေသည် ထိုင်းနိုင်ငံအနောက်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့ကို ဖြတ်သန်းဝင်ရောက်လျက်ရှိပြီး အရှေ့တောင်ဘက်နှင့် တောင်ပိုင်းတွင်လေပြင်းများတိုက်ခတ်သဖြင့် ထိုင်းနိုင်ငံအထက်ပိုင်းတွင်မိုးကြီးစေနိုင်ကြောင်း အဆိုပါဌာနမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေများစုပုံနေခြင်းကို သတိပြုကြရန်၊ အထူးသဖြင့် တောင်ခြေ၊ ရေလမ်းနှင့် မြေနိမ့်ပိုင်းဒေသများအနီးတွင် ရုတ်တရက် ရေကြီးခြင်းနှင့် ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရန် သတိပေးထားပါတယ်။ 

တောင်ပိုင်းဒေသတွေမှာ လေတိုက်ခတ်မှုအားကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်မှ အမြင့် ၁ မီတာမှ ၂ မီတာအထိ ရှိနိုင်ပါတယ်။  မိုးသက်လေပြင်းကျစဉ်မှာ ရေလှိုင်းတွေက ၂ မီတာကျော်အထိ ရှိနိုင်ပါတယ်။ ရေယာဉ်အားလုံး သတိရှိရှိနဲ့ မိုးထစ်ချုန်းရွာတာကို ရှောင်ရှားကြဖို့ ဌာနက သတိပေးထားပါတယ်။


REF: The nation

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)