နေပြည်တော်၊ မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ငလျင်ဘေး ဒဏ်သင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြား များကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် စဥ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာတွင် ပြည်သူများ လက်ဝယ်သို့ ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့တွင် လာရောက်ဝယ်ယူသူ (၅၂)ဦးရှိပြီး ဘိလပ်မြေ(၂၁၇၇)အိတ်အား ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment