ကြံခင်းမြို့နယ် စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြံတောအုပ်စုရှိ တောင်သူများအား တောင်သူအသိပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြံတောအုပ်စုရှိ တောင်သူများအား တောင်သူအသိပညာပေးဆွေးနွေး





ကြံခင်း၊ မေ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကြံတောအုပ်စု၊ သောက်ရေကန် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကြဲပက်ခြင်း သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

ဦးစွာ တောင်သူအသိပညာပေးဆွေးနွေးပွဲကို ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ရာ မြို့နယ်စိုက် တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောရာတွင် တောင်သူများအနေဖြင့် မိုးစပါး တစ်ဧက(၁၀)တင်းတိုးထွက်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်မြေများတွင် သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်ခြင်း အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းဖြင့် မြေဩဇာသုံးစွဲမှုနည်းပါးလာခြင်း မြေဆီလွှာများ ပျက်စီးမှု နည်းပါးလာမည်ဖြစ်ကြောင်း၊ စပါးအထွက်တိုးစေရေးအတွက် ကြဲခင်းစနစ်များပပျောက်ရေး အလေး ထားဆောင်ရွက်ကြရန် ပြောကြားသည်။ 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာက မိုးစပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ကိုသာ ရွေးချယ်စိုက်ပျိုးသွားကြရန်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာ၊ ရေတို့တွင် ဓာတုအဆိပ်သင့်မှု လျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မြေယာကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တောင်သူများက သိရှိလိုသည်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် သောက်ရေကန်ကျေးရွာရှိ တောင်သူ ဦးမောင်ဌေး၏ လယ်မြေတွင် မြို့နယ် စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ များ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)