တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ




တာမွေ၊ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ် ပညာများ အဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်  ရည်ရွယ်ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂီတစာဆို မျိုးနွယ်ဆွေ (စာရေးဆရာ မောင်နေသွင်)က “ ဂီတ အတွေးနှင့် အရေး ” စာအုပ်နှင့် ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့ သည်။ ထို့နောက် တက်ရောက်လာကြသော လူငယ်လူရွယ်လေးများက ဂီတစာဆို မျိုးနွယ်ဆွေ (စာရေးဆရာ မောင်နေသွင်) ရေးသားသော “ ဂီတ အတွေးနှင့် အရေး ” စာအုပ်မှ မြန်မာ့ဂီတအခြေခံ၊ မြန်မာ့ဂီတပညာနှင့် မြန်မာ့ ဂီတသင်္ကေတအကြောင်း၊ သီချင်းဂီတဟူသမျှ စည်းဝါး၊ သံကျ၊ ဟန်ထားမှန်နေရမည်ဆိုသည့်အကြောင်း၊ ကုန်းဘောင် ခေတ်စာဆို ဂီတပညာရှင်ကြီးများအကြောင်း၊ တေးသွားနှင့်စာသားကို အလေးထားရမည်ဆိုသည့်အကြောင်း၊ ကိုယ်ပိုင် မူ၊ ကိုယ်ပိုင်ဟန်၊ မြန်မာခေတ်ပေါ်ဂီတခေတ်အကြောင်း၊ မြန်မာစာ၊ မြန်မာစကား၊ မြန်မာသံအကြောင်း၊ စာပေနှင့်ဂီတ ပညာအကြောင်း၊ သီချင်းတစ်ပုဒ်၏ ဖွဲ့စည်းမှု အထူးဂရုပြုစရာအကြောင်း၊ ကိုယ်ပိုင်သံစဉ်၏ ခိုင်မာမှုအကြောင်း၊ ပညာရှင်နှင့် အောင်မြင်ခြင်းအကြောင်း၊ သရုပ်မှန်၊ တုံ့ပြန်၊ ဂန္တဝင်ဂီတသံအကြောင်း၊ မြန်မာ့ဂီတစစ်စစ်ကို ကမ္ဘာ့ဂီတ သင်္ကေတ မီဒီယာလမ်းကြီးမှတဆင့် ထုတ်ဖော်ပြသသင့်သည်ဆိုသည့်အကြောင်းတို့နှင့် ပတ်သက်၍ တစ်ဦးချင်းစီ အလိုက် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲများ၊ နွေရာသီ ပညာဒါန အခမဲ့သင်တန်းများ၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲများနှင့် လူငယ် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ 


ထက်တံခွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)