အကြမ်းဖက်မှု တိုက်ဖျက်ဖို့ တရုတ်နဲ့ အာဖဂန်ပေါင်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်မှု တိုက်ဖျက်ဖို့ တရုတ်နဲ့ အာဖဂန်ပေါင်းပြီ


မေ - ၂၃ ( သောကြာနေ့ ) 

တရုတ်နိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အာဖဂန်အစိုးရအား ပြတ်ပြတ်သားသား ဆက်လက်ထောက်ခံပြီး ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အစောဆုံးရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ် သည် ပေကျင်းတွင် အာဖဂန် ယာယီနိုင်ငံခြားရေးဝန်ကြီး အေမာခန်မူတာကီ နှင့် တွေ့ဆုံစဉ် အဆိုပါ မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးနှင့် အာဖဂန်ပြည်သူတို့၏ လွတ်လပ်သော ရွေးချယ်မှုကို လေးစားကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ ပြည်တွင်းရေးကို မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း၊ အာဖဂန်နစ္စတန်တွင် ပုဂ္ဂိုလ်ရေးအမြတ်အစွန်းကို ဘယ်သောအခါမှ မရှာဖွေကြောင်းကိုလည်း ပြောကြားလိုက်ပါသည်။ 

အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ဝမ် က ပြောကြားခဲ့သည်။

ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး၊ စွမ်းရည်မြှင့် သင်တန်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး စသည့် နယ်ပယ်များတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖဂန်အစိုးရအနေနဲ့လည်း တရုတ်နိုင်ငံနှင့် ၎င်း၏ ချစ်ကြည်ရင်းနှီးမှုကို အလွန်အလေးထားကြောင်း မူတာကီက ပြောကြားခဲ့သည်။


REF: CGTN

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)