(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းစည်းဝေး


ရန်ကုန်၊ မေ ၁၇

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဂျူဂျစ်ဆု၊ Teqball ၊ Squash ၊ ဟော်ကီ၊ ဘိုးလင်း၊ Kick Boxing ၊ နပန်း၊ ကျွမ်းဘား၊ Tug of War ၊ Skate Boarding ၊ Kabaddi အားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိအားကစားအဖွဲ့ချုပ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုးတက်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် အိမ်ရှင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးရေး၊ နည်းစနစ်ပိုင်းနှင့် နည်းပြဆိုင်ရာများ၊ အားကစားသမားအင်အားစာရင်းနှင့် ရွေးချယ်ရေးကိစ္စရပ်များ၊ By Name, By Number ပေးပို့ရေး၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲဝင်သုံးအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းနိုင်ရေးနှင့် ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများ ရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ မိမိတို့အဖွဲ့ချုပ်အလိုက် အားကစားသမားများ စိစစ်ရွေးချယ် ဆက်လက်စခန်းသွင်းနိုင်ရေး၊ အဖွဲ့ချုပ်သစ်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နိုင်ရေး၊ အထောက်အကူပြု ပစ္စည်းများသယ်ယူနိုင်ရေး၊ စခန်းသွင်း အားကစားသမားများအတွက် အင်အားဖြည့် စားသောက်ရေး၊ Joint Training ပူးတွဲသွားရောက် လေ့ကျင့်နိုင်ရေးနှင့် နည်းပြခေါ်ယူရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆွေးနွေးမှုများအပေါ် အသေးစိတ်ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)