ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိရင် အကြမ်းဖက်ဝါဒကို ပြတ်ပြတ် သားသားဆန့်ကျင်ကြပါလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိရင် အကြမ်းဖက်ဝါဒကို ပြတ်ပြတ် သားသားဆန့်ကျင်ကြပါလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


နေပြည်တော်၊ မေ ၁၁

ရုရှားခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားရာတွင် ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိရင် ငြိမ်းချမ်းစွာ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ဖို့က အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြပါ။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြမ်းဖက်ဝါဒကို ပြတ်ပြတ် သားသားဆန့်ကျင်ကြပါလို့ ထည့်သွင်းပြောဆိုထားသည်။

ဒီရုရှားနိုင်ငံရဲ့ နှစ်(၈ဝ)ပြည့် မျိုးချစ်စစ်ပွဲကြီးက ရုရှားနိုင်ငံမှာပဲ ကျင်းပတာပေါ့။ အမှန်ကတော့ ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာ ရုရှားနိုင်ငံတစ်နိုင်ငံတည်းအတွက် သက်ဆိုင်တာမဟုတ်ပါဘူး။ အရင်တုန်းက ကမ္ဘာမှာဖက်ဆစ်စနစ်၊ နာဇီစနစ်ဆိုတဲ့ အစွန်းရောက်မှုတွေရှိခဲ့တယ်။ ဒီဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ကိစ္စပဲ။ ဖက်ဆစ်စနစ်၊ နာဇီစနစ်ကိုဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာက ကျွန်တော် တို့ မြန်မာနိုင်ငံမှာလည်း ခင်ဗျားတို့ ကျွန်တော်တို့သိတဲ့အတိုင်းပဲ၊ ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးတွေ ကျွန်တော်တို့ခံစားခဲ့ရပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးလည်း နှိပ်စက်ခံခဲ့ရပါတယ်။ ဒီလိုပဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ နိုင်ငံတွေမှာလည်း ဖက်စစ်စနစ်ရဲဆိုးကျိုးတွေ ခံခဲ့ရတယ်။ ဥပမာ - ဖက်ဆစ် စနစ်ရဲ့ ဆိုးကျိုးကိုသိချင်ရင် မြန်မာနိုင်ငံမှာဆို ငဘဆိုတဲ့ဝတ္ထုစာအုပ်ရှိတယ်။ ဖတ်ကြည့်ပါ။ ဒါဖြစ်ရပ်မှန်တွေကို ရေးသားထားတာ၊ ဖြစ်ရပ်မှန်တွေနဲ့ သမိုင်းကြောင်းကြီးကို အခြေခံပြီးရေးသားထားတာပါ။ ဒီလိုပဲ ကျွန်တော်တို့အိမ်နီးနားချင်း တရုတ်နိုင်ငံမှာဆိုလည်း နမ့်နင်းလူသတ်မှုတို့ ဘာတို့ရှိခဲ့တယ်။ ဒီလိုပဲ အရှေ့ဥရောပ ထဲပါတဲ့ ရုရှားဟာဆိုလည်း အရှေ့ဥရောပမှာ ဒီနာဇီစနစ်ကို အဓိကထားပြီးတော့ တိုက်ခိုက်ခဲ့တဲ့နိုင်ငံပေါ့။ သူ့ရဲ့လူဦးရေ ၂၆ သန်းလောက် အသက်ပေးသွားရတာရှိတယ်။ ၂၆ သန်းဆိုတဲ့လူဦးရေဟာ ခုခေတ်လူဦးရေနဲ့ ချိန်ဆကြည့်မယ်ဆိုရင်တောင် အတော်များတဲ့ လူဦးရေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့က အောင်ပွဲလုပ်ကြတာဖြစ်တယ်။ ဒါက ယခင်က အတိတ်သမိုင်းကြောင်းဖြစ်ပါတယ်။ အခုခေတ် သမိုင်းကြောင်းကိုကြည့်မယ်ဆိုလျှင် ကျွန်တော်တို့ ခဏခဏပြောနေတဲ့ ခေတ်သစ်ကိုလိုနီဝါဒရှိမယ်။ ခေတ်သစ်မှာ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေရှိတယ်။ ခေတ်သစ်မှာ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေ အပေါ်မှာ လွှမ်းမိုးလိုတဲ့ဆန္ဒတွေ အမြဲရှိပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့က ပူးပေါင်းပြီးတော့ တိုက်ဖျက်သွားရမယ်။ ပူးပေါင်းပြီးတော့ ဆန့်ကျင်သွားရမှာဖြစ် တယ်လို့ပြောချင်တယ်။

ဒီနေရာမှာ မြန်မာ့တပ်မတော်အနေနဲ့လည်း ဒီနှစ် (၈၀)ပြည့်အခမ်းအနားမှာ ဒါ ကျွန်တော်တို့ ပထမ ဦးဆုံးအကြိမ်အနေနဲ့ပါဝင်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ စစ်ရေးပြလျှောက်ခဲ့တယ်။ ဂုဏ်ပြုချီတက် ခဲ့တယ်။ ဒီအတွက်လည်း မြန်မာ့တပ်မတော်အနေနဲ့က နိုင်ငံတကာတပ်မတော်တွေနဲ့အညီ နံပါတ်တစ် နိုင်ငံတကာတပ်မတော်တွေနဲ့အညီ မြန်မာ့တပ်မတော်သည် ဒါရင်ပေါင်တန်းနိုင်တဲ့ တပ်မတော် တစ်ရပ်ဖြစ်တယ်။ နံပါတ်နှစ် မြန်မာ့တပ်မတော်သည် နိုင်ငံတကာတပ်မတော်တွေနဲ့အတူ အဆင့်မီ ဆောင်ရွက်နိုင်တဲ့ တပ်မတော်ရှိတယ်ဆိုတာ ထင်ထင်ရှားရှားပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ယခင်ကတည်းက ပြောခဲ့တယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုတဲ့ စကားကိုပြောခဲ့တယ်။ ဒါကို တချို့ သော တပ်မတော်မှေးမှိန်အောင်လုပ်ချင်တဲ့သူတွေက ဆန့်ကျင်ဘက် စကားတွေ ပြောကြတာပေါ့ဗျာ။ သို့သော် ခုခေတ်မှာကြည့်လိုက်ပါ။ မိမိရဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ မိမိတိုင်းပြည်ရဲ့ ဂုဏ်ကျက်သရေရှိရေးပေါ့ နော်။ ဒီအတွက် ကာကွယ်ရေးအင်အား တောင့်တင်းဖို့လိုတယ်။ တပ်မတော် အင်အားတောင့်တင်းဖို့လိုတယ်။ မိမိရဲ့ အချုပ်အခြာ အာဏာတည်တဲ့ခိုင်မြဲဖို့ဆိုရင် ရိုသေခံ့ညားလောက်တဲ့ ကာကွယ်ရေးအင်အားစု ရှိဖို့လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ တစ်နိုင်ငံလုံး တစ်နိုင်ငံသားအားလုံးက သိရှိဖို့သဘောပေါက်ဖို့၊ ဂုဏ်ယူဖို့ လိုတယ်။ ဒါတွေကို ကျွန်တော်တို့ဖော်ဆောင်ဖို့လိုတယ်။ ဖော်ဆောင်နိုင်အောင်လည်း အခွင့်ရေး ရခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။

တရုတ်နိုင်ငံသမ္မတကြီးနဲ့ တွေ့ဆုံတဲ့အခါမှာပေါ့။ မြန်မာနိုင်ငံအတွက် အချက်သုံးချက်ပဲပြောလိုတယ်။ နံပါတ်တစ်အချက်ကတော့ မြန်မာ့ရဲ့အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်မှု ဒါတွေကို တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံလျက်ရှိတယ်။ နံပါတ်နှစ် အနေနဲ့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ တရုတ်သည် သူများ၏ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို လက်ခံကျင့်သုံးလျက်ရှိတယ်။ ဒါ့အပြင် ကျွန်တော်တို့နှစ်နိုင်ငံလုံးက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို လက်ခံကျင့်သုံးလျက်ရှိတယ်။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တယ်။ သူ့ရဲ့အနောက်ဘက် ထွက်ပေါက်တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ကောင်းတဲ့ဘက်ကရှုမြင်ပြီးတော့၊ ကောင်းတဲ့ဘက်က မျှော်မှန်းပြီး မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးလျက်ရှိတယ်။ ဒါတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမယ် ဆိုတာမျိုး ရခဲ့တယ်။ နံပါတ်သုံးအချက်ကတော့ကျွန်တော်တို့ ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့ပြီးသား။ ဒီနှစ် နှစ်ကုန်ပိုင်းမှာကျင်းပပေးမှာဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ့်ဟာတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ခံအားပေးတာကို တွေ့ရတယ်။ 

ကျွန်တော့်အနေနဲ့ သတင်းကောင်းပါးလိုတာကတော့ မြန်မာပြည်သူလူထုယခင် ကတည်းက လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာသည် ယခင်ကတည်းကတိုင် တပ်မတော်ရဲ့ ဖော်ဆောင်မှုနဲ့ ကျွန်တော်တို့ရရှိခဲ့တယ်။ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူခဲ့တယ်။ ခုချိန်မှာတော့ မြန်မာပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အနေနဲ့ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။

အဓိက ပထမဦးဆုံးအပိုင်းပြောချင်တာကတော့ နိုင်ငံရေးပါတီတွေရဲ့အပိုင်းပေါ့။ နိုင်ငံရေး ပါတီတွေရဲ့ အပိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာရှိတယ်။ ပြီးရင် ပြည်သူလူထုကို အသိပေးပညာပေးရမှာရှိတယ်။  ဒါတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော့်အနေနဲ့ နံပါတ်တစ်ပြောလိုတယ်။ 

နံပါတ်နှစ်ကတော့ ကျွန်တော်တို့ပြည်သူလူထုရဲ့ အပိုင်းပါ။ ပြည်သူလူထုရဲ့အပိုင်းမှာ ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ကိုအလိုရှိတယ်လို့ပြောပြီးပြီ။ ပါတီစုံဒီမိုကရေစီစနစ်ကို 

အလိုရှိရင် ငြိမ်းချမ်းစွာ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ဖို့က အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြပါ။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြမ်းဖက်ဝါဒကို ပြတ်ပြတ် သားသားဆန့်ကျင်ကြပါလို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။

ဒီရုရှားနဲ့ မြန်မာရဲ့ဆက်ဆံရေးက ကြာပါပြီ၊ ခိုင်မြဲတဲ့ဆက်ဆံရေးဖြစ်တယ်။ ပထ မဦးဆုံး ဆက်ဆံရေး ကတော့ တပ်မတော် အချင်းချင်းဆက်ဆံရေးကနေ စခဲ့တာပေါ့။ ယခင်တပ်မတော် အစိုးရလက်ထက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက် ထက်ကတည်းက နေစခဲ့ တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီရုရှားနဲ့ မြန်မာရဲ့ ဆက်ဆံရေးဟာ တပ်မတော် နယ်ပယ်တင် မကဘဲနဲ့ ကဏ္ဍပေါင်းစုံမှာပါ ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်တယ်။ ဆက်လက် ပြီးလည်းဖွံ့ ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ရုရှား ကို ရောက်တဲ့အခါမှာ ကျွန်တော်တို့ မြန်မာတွေရောက်တဲ့ အခါမှာပေါ့နော်။ ဒီအစိုးရတွေ ကျွန်တော်တို့ အစိုးရအချင်းချင်းတို့၊ တပ်မတော်အချင်းချင်းတော့ ကျွန်တော် မပြောသေးဘူး။ ပြည်သူအချင်းချင်း၊ ပြည်သူအချင်းချင်းဆက်ဆံရေးပေါ့။ ရုရှား ပြည်သူတွေရဲ့ မြန် မာပြည်သူလူထုအပေါ်မှာ အမြင်၊ မြန်မာပြည် သူတွေရဲ့ ရုရှား ပြည်သူလူထုအပေါ်မှာ အ မြင်ဟာ တိုးတက် ခိုင် မာနေတယ်လို့ မြင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ လိုလိုလားလားရှိ တယ် လို့ မြင်ပါတယ်။ ဒီအတွက် လည်း ကျွန်တော်ဂုဏ်ယူပါတယ်။ 

ဒီနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ နှစ်(၈၀)ပြည့် ရုရှားရဲ့ မဟာမျိုးချစ်အောင်ပွဲ၊ အဲ့ဒီမှာ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေ တော်တော်များများတက်ကြတယ်။ နိုင်ငံခေါင်းဆောင်တွေ တော်တော်များများတက်ကြတဲ့အခါမှာ ဒီမြန်မာနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဒီခေါင်းဆောင်တွေနဲ့ တွေ့ ဆုံခဲ့တယ်။ တွေ့ဆုံခဲ့ပြီးတော့ကျ စကားပြောခဲ့တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေကို ပိုမိုနားလည်သဘောပေါက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ဖြစ်ရပ်မှန်တွေနဲ့ ပတ်သက်ပြီးပြောပြနိုင်ခဲ့တယ်။ ရှင်းရှင်းပြော ရရင်တော့ မြန်မာကို ကမ္ဘာက နိုင်ငံတကာက ပိုမိုနားလည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)