ဒုတိယဝန်ကြီး ဦးမြင့်စိုး သမ/ ကျေးလက် ဝန်ထမ်းများအတွက် ယာယီဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမ/ ကျေးလက် ဝန်ထမ်းများအတွက် ယာယီဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ မြောက်လွှတ်ကုန်းသင်တန်းဆောင်၌ နှစ်ခန်းတွဲ အရာထမ်းအိမ်ရာ ငါးလုံးတည် ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ယန္တရားဝင်းအတွင်း ပစ္စည်းသိုလှောင်ရုံများ၌ အမှုထမ်းများအတွက် အခန်း ၄၈ ခန်း ဖွဲ့စည်းနေရာချထားမှုအခြေအနေနှင့် ထမင်းဟင်းချက်ပြုတ်ရန် စီစဉ်ပေးထားသော နေရာကို လည်းကောင်း၊ သောက်သုံးရေသွယ်တန်းပေးထားမှုကိုလည်းကောင်း၊ ရှစ်ခန်းတွဲ တည်ဆောက် ပေးထားသည့် သန့်စင်ခန်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ မေလ တတိယပတ် အတွင်း လုပ်ငန်းများအပြီးဆောင်ရွက်၍ ဝန်ထမ်းမိသားစုများအား စနစ်တကျ နေရာချထားပေးရန်၊ မိုးတွင်းကာလ ရေမဝပ်စေရေးနှင့် အမိုးအကာများ လုံခြုံမှုရှိစေရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံး မြေနေရာ၌ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး လေးခန်းတွဲ အရာထမ်းအိမ်ရာ ရှစ်လုံးတည်ဆောက် နေရာချထားမှုနှင့် ပတ်လမ်းဆောင်ရွက်နေမှု၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်သို့ သွားရောက်၍ Prefa-bricated Modular House အလုံး ၂၀ ထားရှိမည့် မြေနေရာကို ကြည့်ရှုစစ်ဆေးကာ Prefabricated Modular House များ ရရှိသည်နှင့် အမြန်တည်ဆောက်နေရာချထားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)